နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန် တိုက်စစ်ကစားသမား ထရိုဆက်ကို လေးနှစ်ခွဲစာချုပ်ဖြင့် အာဆင်နယ် ခေါ်ယူ

ဇန်နဝါရီ  ၂၁

အာဆင်နယ်အသင်းသည် ဘရိုက်တန် အသင်းမှတောင်ပံတိုက်စစ်ကစား သမား ထရိုဆက်ကို စတာလင်ပေါင် ၂၁ သန်းအပြင် အပိုဆုကြေး ပေါင် ၆ သန်းဖြင့်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် လက်ရှိ အပြောင်းအရွှေ့တွင် အသင်းတိုက်စစ် ပိုင်းကိုအင်အားဖြည့်တင်းရန် ကြိုးပမ်း ခဲ့ပြီး ရှက်တာဒိုးနက်တောင်ပံကစား သမား မူဒရစ်ကိုခေါ်ယူရန် ပစ်မှတ်ထား ခဲ့သော်လည်း ကစားသမားအနေဖြင့် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အတွက် ဘရိုက်တန်အသင်းတွင်ခြေစွမ်း ပြနေသည့် ထရိုဆက်ကိုသာ ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ထရိုဆက် ကို လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး အပို တစ်နှစ်သက်တမ်းတိုးရန် အချက်ကို လည်းထည့်သွင်းခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ထရိုဆက်သည် အာဆင်နယ် အသင်းတွင် တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၉၀၀၀၀ ရရှိမည်ဖြစ်ပြီး ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစား မည်ဖြစ်သည်။

ထို့ပြင် အာဆင်နယ်အသင်းသည် စပက်ဇီယာအသင်း ခံစစ်ကစားသမား ကီဝီရာကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၂၀ ဖြင့် ငါးနှစ်စာချုပ် ချုပ်ဆို၍ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ