နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတီဟက်ခ်တွင် စပါးအသင်းကို အနိုင်ရရှိခဲ့သည့် မန်စီးတီး

ဇန်နဝါရီ  ၂၀

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် စပါးအသင်းတို့ ယနေ့ နံနက်အစောပိုင်းက အီတီဟက်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ မန်စီးတီး အသင်းက စပါးအသင်းကို လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး အပြန်အလှန်သွင်းဂိုးများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။

ပထမပိုင်းတွင် ဧည့်သည်စပါးအသင်းက ၄၄ မိနစ်တွင် ကူလူဆက်စကီးနှင့် ၄၇ မိနစ်တွင် အီမာဆင်တို့၏ သွင်းဂိုးများဖြင့် ပွဲကိုဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မန်စီးတီးအသင်း၏ အံ့မခန်းခြေစွမ်းကြောင့် ရှုံးပွဲကြုံခဲ့ရသည်။

ဒုတိယပိုင်းတွင် မန်စီးတီးအသင်းက အကောင်းဆုံးပုံစံဖြင့် စပါးအသင်းကို ဖိအားပေးခဲ့ပြီး ၅၁ မိနစ်တွင် အယ်လ်ဗာရက်ဇ်နှင့် ၅၃ မိနစ်တွင် ဟာလန်းတို့က ချေပဂိုးများကို သွင်းယူပေးခဲ့သည်။ ချေပဂိုးရရှိပြီးနောက် မန်စီးတီးအသင်းက တရစပ် တိုက်စစ်ဆင်ကစားခဲ့ပြီး ၆၃ မိနစ်နှင့် ၉၀ မိနစ်တွင် မာရက်ဇ်က အနိုင်ဂိုး များကို ထပ်မံသွင်းယူပေးခဲ့သည်။

အဆိုပါရလဒ်ကြောင့် မန်စီးတီးအသင်းသည် ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယား၏ ဒုတိယနေရာတွင်ရှိနေပြီး ပထမနေရာမှ အာဆင်နယ်အသင်းထက် တစ်ပွဲပိုကစားထားကာ ငါးမှတ်အကွာတွင် ရပ်တည်လျက်ရှိသည်။             

သူရိန်






အခြားဆက်စပ်သတင်းများ