နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ-ဂျပန် ပထမဆုံး ပူးတွဲ စစ်ရေး လေ့ကျင့်မှု စတင်

တိုကျို  ဇန်နဝါရီ  ၁၈

ဂျပန်နှင့် အိန္ဒိယကြား ပထမဆုံး သော ပူးတွဲတိုက်လေယာဉ် လေ့ကျင့် မှုကို စတင်ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၁၇ ရက်တွင် အတည်ပြု ပြောကြား သည်။

တိုကျို အရှေ့မြောက်ဘက် အီဘရခိစီရင်စု၏ အရှေ့မြောက်ပိုင်း ရှိ လေတပ်စခန်း၌ လေတပ်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ (ASDF) က  စစ်ရေး လေ့ကျင့်မှုသည် ဇန်နဝါရီ ၂၆ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ် ချက်သည် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုမြှင့်တင်ရန်၊ လေတပ်များ ကြား ကာကွယ်ရေး ပူးပေါင်းဆောင် ရွက်မှု အားကောင်းစေရန်နှင့် တပ်ဖွဲ့ ၏နည်းဗျူဟာ ကျွမ်းကျင်မှုမြှင့်တင်ရန် ဖြစ်ကြောင်း ASDF ကထုတ်ပြန်ထား သည်။

ထို့ပြင် အင်ဒို - ပစိဖိတ်ဒေသတွင် တရုတ်၏စစ်အင်အား တိုးချဲ့လာ နေ မှုကြားမှ ကာကွယ်ရေး နှင့်လုံခြုံရေး ဆိုင်ရာ ဆက်ဆံမှုများကို ခိုင်မာစေရန် အတွက် စစ်ရေးလေ့ကျင့်မှုကို လုပ် ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆို သည်။

ဂျပန်သည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏လုံခြုံရေးမဟာမိတ်များကွန်ရက်ကို ချဲ့ထွင်လာပြီး အိန္ဒိယသည်လည်း ယခုအခါ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ဂျာမနီတို့နှင့်အတူ ပူးတွဲစစ်ရေး လေ့ကျင့်ရန်အတွက် ဂျပန်သို့တိုက် လေယာဉ်များစေလွှတ်သည့် ပဉ္စမ မြောက်နိုင်ငံ ဖြစ်လာကြောင်း သိရ သည်။                              

 (ref: AFP)






အခြားဆက်စပ်သတင်းများ