နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၆၀ ကျော်အတွင်း တရုတ်နိုင်ငံ လူဦးရေ ကျဆင်း

ပေကျင်း  ဇန်နဝါရီ  ၁၈

တရုတ်နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမ ဆုံးအကြိမ် ကျဆင်းသွားပြီး ဆက်လက် ကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ကာ ၎င်း၏စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေး အတွက်ပါ အကြီးအကျယ် ဂယက် ရိုက် ခတ်မှု တစ်ရပ်ဖြစ်လာမည့် သမိုင်းဝင် အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။

၂၀၂၂ ခုနှစ်သည် တရုတ်နိုင်ငံ အတွက် ၁၉၆၁ ခုနှစ်နော က်ပိုင်း လူဦး ရေကျဆင်းမှုတွင် အဆိုးရွားဆုံးနှစ် ဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် ကျွမ်းကျင် သူများက အိန္ဒိယသည် ယခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံးနိုင်ငံ ဖြစ်လာမည်ဟု ခန့်မှန်း နေကြသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၂ ခုနှစ်အကုန်တွင် အကြမ်းဖျင်းအားဖြင့် ၈၅၀,၀၀၀ ကျဆင်းသွားပြီး စုစုပေါင်း ၁ ဒသမ ၄၁၁၇၅ ဘီလျံသာ ကျန်ရှိ တော့ကြောင်း နိုင်ငံတော် စာရင်းအင်း အဖွဲ့က ထုတ်ပြန်သည်။ 

၂၀၂၁ ခုနှစ်ရှိ လူဦးရေ ၁ ဒသမ ၄၁၂၆၀ ဘီလျံနှင့် ယှဉ်ကြည့်ပါက သိသိသာသာ လျော့ကျသွားခြင်းဖြစ်ကာ ထိုသို့ ဆက်လက်ကျ ဆင်းနေပါက တရုတ်၏ လူဦးရေသည် ၂၀၅၀ ပြည့် နှစ်တွင် ၁၀၉ သန်းအထိ ကျဆင်းသွား နိုင်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

ယင်းသို့ ကျဆင်းနေခြင်းသည် အိမ်ခြံမြေဈေးနှုန်းများ၊ လူမှုဖူလုံရေး ငွေကြေးထောက်ပံ့မှု၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရေး စရိတ် များ ကြီးလွန်းခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူအချို့က ထောက်ပြသည်။


(ref: CNA)






အခြားဆက်စပ်သတင်းများ