နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၏ဘဝ ကိုယ်တွေ့မှတ်တမ်းအဖြစ် စာအုပ်ထုတ်မည်

ဝါရှင်တန်  ဇန်နဝါရီ  ၁၅

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့စဉ် ကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ နိုင်ငံရေးကိစ္စများကို ကိုယ်တွေ့မှတ်တမ်း စာအုပ်ရေးကာ ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ထုတ်ဝေရန် ထုတ်ဝေသူ ဟာပါကောလင်းစ်နှင့် သဘောတူ ညီမှုရပြီး ဖြစ်သော်လည်း ထုတ်ဝေ သူဘက်မှ စာမူခ မည်မျှပေးရမည် ဆိုသည်နှင့် မည်သည့်အချိန်တွင် စာအုပ်ထွက်လာမည် ဆိုသည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဂျွန်ဆင်သည် ယင်း၏  မကောင်းသတင်းများ နှင့်  ရာထူးခန့်အပ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ပါတီအတွင်း မကျေနပ်မှုဖြစ်ကာ ဝန်ကြီးများ အစုအပြုံလိုက် နုတ်ထွက်ပြီးနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ အစောပိုင်း က ဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက် ခဲ့သည်။

မစ္စတာ ဘောရစ်ဂျွန်ဆင်အနေဖြင့် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ်ကာလအတွင်း ဥရောပသမဂ္ဂအဖွဲ့ မှ ဗြိတိန်ထွက်ခွာခြင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် အစိုးရ အဆောက် အဦများအတွင်း လော့ဒေါင်းစည်း မျဉ်းချိုးဖောက်သည့် ပါတီဝင်များ နှင့် ပတ်သက်သော နောက်ဆက်တွဲ ကိစ္စများစသည့် ကိစ္စရပ်များစွာ ဖြစ် ပွားခဲ့သည်။           

(ref: Euronews)






အခြားဆက်စပ်သတင်းများ