နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပ၌ ကိုကင်းများကို ပီဇာကဲ့သို့ အလွယ်တကူ ဝယ်ယူရနေ

ပဲရစ်  ဇန်နဝါရီ  ၁၈

ဥရောပ၌ ကိုကင်းသည် ဆူနာမီ သဖွယ် ကြီးထွားလာနေပြီး ကိုကင်း မှာယူခြင်းသည် ပီဇာဝယ်ယူခြင်းကဲ့သို့  လွယ်လင့်တကူ ဖြစ်နေကြောင်း သိရ သည်။

ကိုကင်းမှာယူရန်အတွက် ဝယ်ယူ လိုသူများက WhatsApp နှင့် Signal ကဲ့သို့သော အပလီကေး ရှင်းများ အသုံး ပြုကြပြီး မှာယူပြီးမိနစ် ၂၀ အတွင်း အိမ်ရှေ့အရောက် ပို့ဆောင်မှုများဖြင့် ရောင်းဝယ်နေကြသည်ဟု ဆိုသည်။

ကိုကင်းသုံးစွဲသူများသည် လမ်း များ ပေါ်ထိတက်ကာ ပီဇာလာပို့ သည့် ပုံစံအတိုင်း ကိုကင်းပို့ ဆောင်မှု ကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ် သုံးစွဲ နေကြသည်ဟု ပဲရစ်မူးယစ်အဖွဲ့ အကြီး အကဲ မစ္စတာ Lahaye က ပြောသည်။

European Monitoring for Drugs and Drug Addiction (EMCDDA) ၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်တွင် ဥရောပနိုင်ငံသား ၃ ဒသမ ၅ သန်းခန့်သည် ကိုကင်းကို သုံးစွဲခဲ့ ကြောင်း သိရပြီး လွန်ခဲ့သည့် နှစ် ၂၀ က ဥရောပလူဦးရေသုံးစွဲမှု၏ လေးဆခန့် ရှိလာကြောင်း သိရသည်။

(ref: Yahoo)






အခြားဆက်စပ်သတင်းများ