နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယောက်မြို့တော်ဝန် ရွှေ့ပြောင်းများအရေး ပိုမိုကူညီပေးရန် ဗဟိုအစိုးရကို တိုက်တွန်း

နယူးဒေလီ  ဇန်နဝါရီ  ၁၈

အမေရိကန်နိုင်ငံ နယူးယောက် မြို့အတွင်း ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်မှုကို ကိုင်တွယ် ဖြေရှင်း ရာတွင် အကူအညီများ ပိုမိုပေးအပ်ရန် အမေရိကန် ဗဟိုအစိုးရကို နယူး ယောက်  မြို့တော်ဝန် အဲရစ်အဒမ်စ်က တိုက်တွန်း ပြောကြားလိုက်သည်။

တက္ကဆက်ပြည်နယ်အတွင်းရှိ အယ်လ်ပါဆို ဒုက္ခသည်စခန်းကို သွား ရောက် ကြည့်ရှုပြီးနောက် မြို့တော်ဝန် အဒမ်စ်က ဗဟိုအစိုးရ အပေါ် ယခုကဲ့သို့ တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။

အောက်လွှတ်တော် ၊ အထက်လွှတ် တော်၊ အိမ်ဖြူတော်တို့နှင့် လူဝင်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကိုင်တွယ် ဖြေရှင်းရန် လက်တွဲ လုပ်ဆောင်လိုကြောင်း၊ များပြားလှ သည့် ရွှေ့ပြောင်း ဒုက္ခသည်များ ဝင်ရောက်မှုကို ရင်ဆိုင် နေရသည့် နယူးယောက်၊ အယ်လ်ပါဆိုနှင့် ချီကာဂို စသည့် မြို့ကြီးများကို ပိုမို ကူညီရန်ကိုလည်း မြို့တော်ဝန်က ထည့်သွင်းတောင်းဆို ထားကြောင်း သိရသည်။

လာမည့် ရက်သတ္တပတ် အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ် နှင့် အမေရိကန်မြို့တော်ဝန်များ ညီလာခံတွင် ရွှေ့ပြောင်းဒုက္ခသည် အရေးကို တင်ပြဆွေးသွားမည် ဖြစ် ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ်က ပြောသည်။


(ref: Reuters)






အခြားဆက်စပ်သတင်းများ