နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ၊ ဇန်နဝါရီ ၁၆ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှတွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၅ ဦးဖြင့် အမှတ် ၁ ရပ်ကွက်၊ ၂၅လမ်း (မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား) တိုက်မျက်နှာစာများရှိ တွယ်ကပ်ပင်များရှင်းလင်းခြင်း၊ အမှတ် ၄ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေဘုံသာလမ်းထောင့် Transformer မြို့နယ်လျှပ်စစ်မှ ဆေးသုတ်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဗိုလ်ဆွန်ပက်လမ်းနှင့် လမ်း ၃၀ အကြား) လူသွားစင်္ကြံဖြတ်မြောင်း နှာပေါက်များအတွင်းပိတ်ဆို့နေသော အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ အပင်အောက်တက်များ ရှင်းလင်းခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မဟာဗန္ဓုလလမ်းတွင် စည်းကမ်းမဲ့ကြော်ငြာများကို ဖြုတ်သိမ်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။                                           

ယဉ်မွန်






အခြားဆက်စပ်သတင်းများ