နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုဇိုဗစ်ကို ခေါ်ယူရန် ဘာစီလိုနာအသင်း ကြိုးပမ်း

ဇန်နဝါရီ  ၁၈

ဘာစီလိုနာအသင်းသည် အသင်း ၏ ကစားကွက်နှင့် ကိုက်ညီမှုမရှိသည့် ကွင်းလယ်ကစားသမား ဖရန့်ကက်ဆီကို အလိုက်ပေးကမ်းလှမ်း၍ အင်တာမီလန် အသင်းကွင်းလယ်ကစားသမား ဘရိုဇိုဗစ်ကိုခေါ်ယူနိုင်ရန် ကြိုးပမ်းနေ ကြောင်း သိရသည်။

ဖရန့်ကက်ဆီသည် ပြီးခဲ့သည့်နွေ ရာသီအပြောင်းအရွှေ့ကာလက အေစီ မီလန်အသင်းမှ ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ ခဲ့ပြီးနောက် ခြေစွမ်းပြရန် ရုန်းကန် နေရပြီး အနာဂတ်မရေရာမှုများရှိလာ ခဲ့ကာ ယခုအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းက အင်တာမီလန် ကွင်းလယ်ကစားသမား ဘရိုဇိုဗစ် နှင့်အလဲအလှယ်ပြုလုပ်ရန် တရားဝင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်ဘဏ္ဍာ ရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ထပ်မံခေါ်ယူရန် လာလီဂါကချမှတ်ထားသည့် ဘဏ္ဍာ ရေးစည်းမျဉ်းနှင့်ကိုက်ညီမှုမရှိသော ကြောင့်ကစားသမားချင်းလဲလှယ်မှု သို့မဟုတ် အသင်းမှ ကစားသမားများကို ရောင်းချကာ ကစားသမားသစ်ခေါ်ယူ ရန်စီစဉ်နေခြင်းဖြစ်သည်။           

သူရိန်






အခြားဆက်စပ်သတင်းများ