နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဂျီးဆပ် မေလအထိ အနားယူရမည်

ဇန်နဝါရီ  ၁၈

အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်အနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် လာမည့် မေလအထိ အနားယူရမည် ဖြစ်ကြောင်း သိရသည်။

“ဂျီးဆပ်အနေနဲ့ လာမယ့် မေလ လောက်မှသာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပါလိမ့်မယ်။ သူ့ရဲ့ဒူးဒဏ်ရာ ကအစောပိုင်းက ကျွန်တော်တို့မျှော်လင့် ထားတာထက် ပိုပြီးတော့ ဆိုးရွားနေပါ တယ်။ အသင်းဆေးအဖွဲ့နဲ့ သေချာ စစ်ဆေးကြည့်တော့ ဒဏ်ရာကပြင်းထန် နေပါတယ်။ ကျွန်တော်တို့ သူ့ကိုအကြာ ကြီးလက်လွှတ်ထားရမှာပါ”ဟုအာဆင် နယ်အသင်းနည်းပြ အာတီတာကပြော သည်။

ဂျီးဆပ်အနေဖြင့် ဒူးဒဏ်ရာကြောင့် လာမည့် မတ်လအထိ အနားယူရဖွယ် ရှိသည်ဟုခန့်မှန်းထားသော်လည်း လက်ရှိတွင် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာမှာ ပိုမိုပြင်း ထန်နေသည့်အတွက် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝရန်လိုအပ်သောကြောင့် လာမည့် မေလအထိအနားယူရမည်ဖြစ်သည်။

ဂျီးဆပ်သည် ယခုနှစ် ဘောလုံးရာသီ တွင် မန်စီးတီးအသင်းမှ အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေသူဖြစ်သည်။       

သူရိန်






အခြားဆက်စပ်သတင်းများ