ရန်ကုန် ဇန်နဝါရီ ၁၈
တရုတ်နှစ်ကူးကာလတွင် ရွှေလီ မြို့အစိုးရ နိုင်ငံခြားရေးရာအကောက် ခွန်ဌာနရုံးကို တစ်ပတ်ပိတ်ထားမည်ဟု သိရသည်။
"ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ပိတ်ဖို့ရှိနေပါတယ်။ ဖရဲ၊ သခွား တင်ပို့နေတဲ့ ရွှေလီမြို့၊ ဝမ်တိန်မံမန် လမ်းကြောင်းကို ၂၁ ရက်က ၂၂ ရက် အထိပိတ်သွားဖို့ရှိနေပါတယ်"ဟု သစ်သီး ပွဲရုံကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် မူဆယ်-ရွှေလီလမ်းကြောင်းရှိ ကြယ်ဂေါင်၊ မန့်ဝိန်းနယ်စပ်ဂိတ်မှ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေ ထွက်ကုန်နှင့် သတ္တုတွင်းထွက်များမှ လွဲ၍ ကျန်ပို့ကုန်ပစ္စည်းများတင်ပို့ရမည် ဖြစ်ပြီး ယာဉ်နှင့်ကုန်စုစုပေါင်း ၁၆ တန် သာရှိရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ၄၈ နာရီအတွင်း စစ်ဆေးချက်အထောက် အထားပါရှိသော ယာဉ်မောင်းတစ်ဦးသာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)