နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

ရန်ကုန်  ဇန်နဝါရီ  ၁၈

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၁၁၇ နှစ်မြောက်အထိမ်းအမှတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲများနှင့် အတူ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ၊ အဆိုပါဥယျာဉ်၌ ကျင်းပမည်ဟု သိရ သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ၅၈ ဒသမ ၁၆ ဧက ကျယ်ဝန်းကာ၊လက်ရှိ တွင် တိရစ္ဆာန်မျိုးစိတ် ၁၃၂ မျိုး၊ တိရစ္ဆာန် အကောင်ရေ ၁၄၀၀ ခန့်ပြသထားသည်။ 

တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့၍ ယခုဇန်နဝါရီ ၂၅ ရက်တွင် ၁၁၇ နှစ် ပြည့်ပြီဖြစ်သည်။

ပွဲတော်တွင် ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ပညာပေးပြခန်းများ၊ ယဉ်ကျေးလိမ္မာသော တိရစ္ဆာန်လေးများ ၏ဖျော်ဖြေပွဲများ၊ ဓာတ်ပုံတွဲရိုက်နိုင် မည့်အစီအစဉ်များနှင့် ဈေးရောင်းပွဲတော် တို့ကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကလေးငယ်များအတွက် လက်ဆောင် ပစ္စည်းများချီးမြှင့်မည့်ဂိမ်းကစားပွဲများ၊ စတိတ်ရှိုးများနှင့် အငြိမ့်ပွဲများလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။                                 

ဆောင်းဦး






အခြားဆက်စပ်သတင်းများ