နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့်ဆေးဝါးအလှူ

ဆေးဝါးများလှူဒါန်းခြင်း၊ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာ ရေးနှင့်ပတ်သက်သောအသိပညာပေးဗဟုသုတများဟောပြောပို့ချ ခြင်းတို့သည် ဆေးအလှူများဖြစ်ပေသည်။ ဆေးလှူဒါန်းခြင်းသည် အမွန်မြတ်ဆုံးနှင့် အမြတ်ဆုံးဒါနဖြစ်သည်။ လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်သည်။ လူတွင် ကျန်းမာရေး ထက်အရေးကြီးသောအရာမရှိနိုင်ပါ။

ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးမှုများတိုးပွားလာ လျက်ရှိသည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာ သည့် အဆုံးရောက်မှသာ ဆေးရုံ၊ ဆေးခန်းသွားကြရသည်။ ဤသည်မှာ အခမဲ့ဆေးဝါးကုသပေးမှုများလိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုသပေးခြင်းကို ကြိုဆိုလျက် ရှိသည်။

အထူးသဖြင့် ပုဂ္ဂလိက လူမှုရေးအဖွဲ့အစည်းများက အခမဲ့ဆေးဝါး ကုသပေးမှုများတိုးပွားလာလျက်ရှိသည်။ မျက်စိစမ်းသပ်ခြင်း၊           မျက်မှန်များအခမဲ့တပ်ဆင်ပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း အပါအဝင် အခြားသောနာတာရှည်ရောဂါများကို ကွင်းဆင်းကုသ ပေးလျက်ရှိသည်။ ဤသို့ အခမဲ့ဆေးဝါးကုသပေးမှုများပေါ်ပေါက် လာခြင်းသည် ပြည်သူလူထုအတွက် ဝမ်းမြောက်စရာပင်ဖြစ်သည်။

အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုင်ငံတော်အပိုင်းကသာမက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကလူမှုရေးအဖွဲ့အစည်း များကလည်း ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လျက်ရှိသည်ကို သတိပြုမိ သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ အမှတ် ၄ ရေတပ်ဗောတံတားမှထွက်ခွာရာ တပ်မတော်ရေမှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ဆေးရုံရေယာဉ်ပေါ်တွင် လူနာ ၃၀ အထိ တင်ဆောင်ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်များလည်းပါရှိသည်။

အလားတူပင် နိုင်ငံ့ဝန်ထမ်းများ၊ လူမှုဖူလုံရေးအဖွဲ့ဝင်အလုပ် သမားများအား နိုင်ငံတော်မှအခမဲ့ဆေးကုသပေးလျက်ရှိသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာနှင့် အရေးပေါ်လူနာ များအတွက် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဆေးဝါးပစ္စည်း များနှင့် ခွဲစိတ်ကုသမှုများကိုလည်း အခမဲ့ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားသွေးဌာနအနေဖြင့် သွေးသွင်းရန်လိုအပ်သောလူနာများ အတွက် သွေးများအခမဲ့ထုတ်ပေးလျက်ရှိသည်။ 

ပြည်သူများ၏ကျန်းမာရေးအဆင့်အတန်းတိုးတက်လာစေရန် အခမဲ့ဆေးဝါးကုသမှုများ၊ ဆေးအလှူများကို တိုးမြှင့်ဆောင်ရွက် စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပေသည်။






အခြားဆက်စပ်သတင်းများ