နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနှင့် ဘီလာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မော်စကို ဇန်နဝါရီ  ၁၇

ရုရှားနှင့် ဘီလာရုစ် တို့သည် ဇန်နဝါရီ ၁၆ ရက်ကစ၍ ပူးတွဲ စစ်ရေး လေ့ကျင်မှုများကို စတင် လုပ်ဆောင်နေသဖြင့် မြေပြင် ထိုးစစ် ဆင်မှု အသစ်များ ပြုလုပ်လာမည်ကို ယူကရိန်းဘက်က စိုးရိမ်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံသည် ဇန်နဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ဘီလာရုစ် စစ်လေယာဉ်ကွင်းအားလုံးကို အသုံးပြုကာ လေတပ် စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တင့်ကားများ  တပ်ဆင်ထားသော တပ်မဟာခွဲတစ်ခု ပါဝင်သည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်ခြင်း ဖြစ်ကြောင်း ဘီလာရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်းမျိုးသာဖြစ်ပြီး စစ်ထဲ ပါဝင်ရန် အစီအစဉ်မရှိကြောင်းနှင့် ယူကရိန်းကသာ ဘီလာရုစ်ကို ထိပါး ပြောဆိုမှုများ ပြုလုပ်၍ နှစ်နိုင်ငံ နယ်စပ်တွင် မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဘီလာရုစ်က ပြောသည်။

ဘီလာရုစ်အနေဖြင့် ရုရှား ယူကရိန်း အရေးအခင်းထဲ ပါဝင်မည် မဟုတ် ကြောင်း  ငြင်းဆိုနေသော်လည်း ယူကရိန်းကမူ ဘီလာရုစ်ဘက်မှ တိုက် ခိုက် မှုများကိုလည်း ကြုံတွေ့လာနိုင် ကြောင်း ထပ်တလဲလဲ သတိပေးထား သည်။


(ref: Reuters)






အခြားဆက်စပ်သတင်းများ