နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန် ကလေးငယ် ၄၄ သန်းအတွက် ပိုလီယိုကာကွယ် တိုက်ဖျက်ရေးလုပ်ငန်း စတင်

အစ္စလာမာဘတ် ဇန်နဝါရီ  ၁၇

ပါကစ္စတန်တွင် ပထမဆုံး ပိုလီယို ရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှု ကိုစတင်နေပြီး အသက်ငါးနှစ်အောက် ကလေး ၄၄ ဒသမ ၂ သန်းကို ရည် ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်တို့သည် ပိုလီယို ရောဂါဖြင့် ကလေးငယ်များ၏ ကျန်းမာ ရေးကို ခြိမ်းခြောက်နေသည့် နိုင်ငံများ ဖြစ်သည်။

ပိုလီယိုရောဂါပိုးသည် ကလေး များ၏ အာရုံကြောစနစ်ကို ထိခိုက် စေပြီး နောက်ဆုံးတွင် လေဖြတ် သည် အထိဖြစ်စေနိုင်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။

ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ်ကို ယခုလအတွင်း နိုင်ငံ တစ်ဝန်း ရှိ ခရိုင်ပေါင်း ၁၅၆ ခုက ကလေးငယ် ၄၄ သန်းခန့်အား လိုက်လံ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရ သည်။                                   

(ref: AP)






အခြားဆက်စပ်သတင်းများ