နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ မြောက်ပိုင်း ဓာတုစက်ရုံ ပေါက်ကွဲ နှစ်ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံး

ပေကျင်း ဇန်နဝါရီ  ၁၇

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ပန်ကျင်းမြို့ရှိ ဓာတုဗေဒ စက်ရုံတစ်ရုံသည် ဇန်နဝါရီ ၁၆ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ စက်ရုံလုပ်သား နှစ်ဦးသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဒေသဆိုင်ရာ အစိုးရ၏ ထုတ်ပြန် သည့် အချက်အလက်များအရ ပေါက်ကွဲမှုကြောင့် အခြားသော လူ ၃၄ ဦး ဒဏ်ရာရရှိထားပြီး မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း နှင့် ဒေသပတ်ဝန်းကျင်ဌာနက အဆိုပါ ဧရိယာတစ်ဝိုက်ရှိ လေထု အရည်အသွေးကို စောင့်ကြည့်နေ ကြောင်း အာဏာပိုင် များက ဆိုသည်။

မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း အာဏာ ပိုင်များက ပြောသည်။           

(ref: AP)






အခြားဆက်စပ်သတင်းများ