နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား အနောက်ပိုင်း အင်အားပြင်း ငလျင်လှုပ်ခတ်

ဂျာကာတာ ဇန်နဝါရီ  ၁၇

အင်ဒိုနီးရှားနိုင်ငံ အနောက် ဘက် ခြမ်းတွင် ဇန်နဝါရီ ၁၆ ရက် က ပြင်းထန်သည့် ပင်လယ် ရေအောက် ငလျင်တစ်ခု လှုပ်ခတ်သွား ပြီး ပျက်စီး ဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံး မှုသတင်း များကိုမူ မသိရှိသေးကြောင်း သိရသည်။

ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိသည့် ငလျင်သည် အာချေးပြည်နယ် ကမ်းရိုး တန်းခရိုင် ဆင်ကီမြို့၏ အရှေ့တောင် ဘက် ၄၀ ကီလိုမီတာ  ၂၅ မိုင် အကွာကို ဗဟိုပြုကာ အနက် ၃၇ ကီလိုမီတာ ၂၃ မိုင် အကွာတွင် လှုပ်ခတ်သွားခြင်း ဖြစ်သည်။

အင်အားပြင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီအနေဖြင့် ဆူနာမီ သတိပေး ချက်ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း သိရသည်။

လူဦးရေ သန်း ၂၇၀ ကျော်နေထိုင် သည့် အင်ဒိုနီးရှားကျွန်းစုနိုင်ငံသည် မီးတောင်များနှင့် ပြတ်ရွေ့ကြောများ ပေါ်တွင် တည်ရှိနေခြင်း ကြောင့် ငလျင် နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာ ခဏဖြစ်ပွားလေ့ရှိကြောင်း သိရ သည်။

အင်ဒိုနီးရှားတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာကလည်း ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ရာ လူပေါင်း ၃၃၁ ဦးထက်မနည်းသေဆုံးပြီး ၆၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ