နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူးကပ်စ်မော်ရာကို စာချုပ်သက်တမ်းတိုးမည်မဟုတ်ကြောင်း စပါးနည်းပြ ကွန်တီ ပြော

ဇန်နဝါရီ  ၁၇

စပါးအသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးရန် ခြောက်လသာကျန်ရှိတော့သည့် တောင်ပံကစားသမား လူးကပ်စ်မော်ရာကို သက်တမ်းတိုးမည်မဟုတ်ဘဲအလွတ် ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ကြောင်း နည်းပြ ကွန်တီက ပြောကြားခဲ့သည်။

လူးကပ်မော်ရာသည် ယခုနှစ် ဘောလုံး ရာသီတွင် ဒဏ်ရာပြဿနာ မကြာခဏကြုံ တွေ့နေရပြီး ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန် နေရသောကြောင့် အသင်းတာဝန်ရှိသူများက စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိဘဲ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမည်ဖြစ် သည်။

“ဘောလုံးရာသီအစတုန်းက လူးကပ်စ် မော်ရာကို အသင်းရဲ့ အဓိက ကစားသမား အဖြစ်ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် သူဟာ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေရပါ တယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိအောင် အဓိက ကူညီ နိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲ သာပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းအနေနဲ့ သူ့ကို သက်တမ်းတိုးမှာ မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ခွင့်ပြုသွားမှာ ပါ။ ဒါဟာလည်း အသင်းတာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်ပါ"ဟု နည်းပြ ကွန်တီကပြော သည်။

အသက် ၃၀ နှစ်အရွယ်ရှိ လူးကပ်စ် မော်ရာသည် ၂၀၁၈ ခုနှစ်က ပီအက်စ်ဂျီ အသင်းမှ စပါးအသင်းသို့ စတာလင် ပေါင် ၂၅ သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၃ ပွဲ ပါဝင်ခဲ့ရာ သွင်းဂိုး ၃၈ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၇ ကြိမ်ပြုလုပ်ထားသည်။    

သူရိန်






အခြားဆက်စပ်သတင်းများ