နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီး အခွင့်အရေးဆွေးနွေးရန် အာဖဂန်သို့ OIC အဖွဲ့ ကိုယ်စားလှယ် စေလွှတ်မည်

ကဘူးလ်  ဇန်နဝါရီ  ၁၆

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC) သည် တာလီဘန်အစိုးရ လက်အောက်ရှိ အမျိုးသမီးများ၏ ပညာရေးနှင့်အလုပ်အကိုင် အခွင့် အရေးများကို ဆွေးနွေးရန် အာဖဂန် နစ္စတန်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ် မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် အာဏာရရှိထား သော တာလီဘန်အစိုးရသည် ယခင် အစိုးရကဲ့သို့ ရှေးရိုးစွဲနေမည်မဟုတ် ကြောင်း အခိုင်အမာ ပြောကြားထား သော်လည်း နောက်ပိုင်းတွင် ယင်းတို့၏ တင်းကြပ်သော အုပ်ချုပ်မှုပုံစံသို့ တဖြည်းဖြည်း ပြန်လှည့်လာပြီး အာဖဂန် လူ့အသိုင်းအဝန်း၌ အမျိုးသမီးများ ပါဝင်ပတ်သက်မှုကို ကန့်သတ်ရန် ကြိုးပမ်းလျက် ရှိသည်။ 

အမျိုးသမီးများအား ကျောင်းများနှင့်တက္ကသိုလ်များကို တက်ရောက်ခွင့် ပိတ်ပင်ထားသည့်အပြင် မကြာမီက လည်း အမျိုးသမီးများကို ပြည်တွင်းပြည်ပအင်န်ဂျီအိုများတွင် အလုပ်လုပ်ကိုင်ခွင့် ထပ်မံပိတ်ပင်လိုက်သည်။

ထိုသို့ ပိတ်ပင်မှုများကြောင့် အမေရိကန်၊အင်္ဂလန်၊ဥရောပ၊ဂျာမနီ၊ ကုလသမဂ္ဂ နှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အပါအဝင် အခြား နိုင်ငံတကာ အသိုင်းအဝန်းများက တာလီဘန်များကို ဝိုင်းဝန်းရှုတ်ချနေပြီး အမျိုးသမီးများအား ပုံမှန်အတိုင်း ပညာသင်ကြားခွင့်နှင့် အလုပ် လုပ်ကိုင် ခွင့်ပေးရန် တိုက်တွန်းလျက် ရှိသည်။


(ref: AP)






အခြားဆက်စပ်သတင်းများ