နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန် နှင်းလျှောစီး အပန်းဖြေစခန်းအနီး နှင်းထုပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

တိုကျို ဇန်နဝါရီ  ၁၆

ဂျပန်နိုင်ငံ မြောက်ဘက်စွန်း ဟော့ကိုင်းဒိုးကျွန်းရှိ နှင်းလျှောစီး အပန်းဖြေစခန်း တစ်ခုအနီး ယော့တိုင်း တောင်တွင် နှင်းထုပြို ကျမှုဖြစ်ပွားရာ နိုင်ငံခြား အမျိုးသမီးတစ်ဦး နှင်းထု ပိပြီး သေဆုံးသွားကြောင်း ဒေသ တွင်းမီဒီယာများက ဇန်နဝါရီ ၁၅ ရက် တွင် ဖော်ပြသည်။

ယော့တိုင်းတောင်၏ ဂိတ်အမှတ် ၄ နှင့် ၅ ကြားတွင် နှင်းပြိုကျမှု ဖြစ်ပွားခြင်း ဖြစ်ပြီး အမျိုးသမီးကို နှင်းထုများထဲမှ ဆွဲထုတ်ကာ ရဟတ်ယာဉ်နှင့် ဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံး သွားကြောင်း အတည်ပြုလိုက်ပြီဖြစ် သည်။

အပန်းဖြေစခန်းသို့ လာရောက် သည့် အဖွဲ့တွင် ချက်သမ္မတနိုင်ငံ၊ သြစတြီးယားနှင့် ဂျာမနီတို့က ဥရောပနိုင်ငံသား ၁ဝ ဦးပါဝင်ပြီး အမျိုးသမီးသည်လည်း ဥရောပနိုင်ငံ သူပင်ဖြစ်ကာ မည်သူမည်ဝါဖြစ်သည် ကို မသိရှိသေးကြောင်း အာဏာ ပိုင်များ က ဆိုသည်။

ယော့တိုင်းတောင်သည် ဟော့ကိုင်းဒိုး ၏ အကျော်ကြားဆုံး တောင်များထဲ က တစ်ခုဖြစ်ပြီး လူကြိုက်များသည့် ခရီးသွား အပန်းဖြေနေရာ တစ်ခုဖြစ် သည့်အပြင် ဂျပန်နိုင်ငံ ရှိ အဓိက ကျွန်းစု များ၏ မြောက်ဘက် စွန်းတွင် တည်ရှိ ကာ သဘာဝရေပူ စမ်းများနှင့် နှင်း လျှောစီးနေရာများကြောင့် လူသိများ သည့် နေရာတစ်ခုလည်း ဖြစ်သည်။

(ref: Kyodo News)






အခြားဆက်စပ်သတင်းများ