နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်သစ်ကို ရုရှား ဖျက်သိမ်း

ကီယက်ဗ်  ဇန်နဝါရီ  ၁၆

ယခုရက်ပိုင်းအတွင်း ပြုလုပ်မည့် အကျဉ်းသားလဲလှယ်ရေး အစီအစဉ် သစ်ကို ရုရှားက ဖျက်သိမ်းလိုက် ကြောင်း ယူကရိန်း အကျဉ်းသားများကို ကိုင်တွယ်နေရသည့် နီးစပ်သူတစ်ဦးက ပြောသည်။

ယူကရိန်းသည် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်သစ်ကို ရုရှား နှင့် ညှိနှိုင်းဆွေးနွေးပြီး ယခုလ ဒုတိယပတ်အတွင်း ပြုလုပ်ရန် စီစဉ် ထားသော်လည်း ရုရှားဘက်က စတင် ဖျက်သိမ်းလိုက်ပြီး ယင်းကိစ္စအပေါ် ရုရှားဘက်က တစုံတစ်ရာ ပြောကြား ခြင်းမရှိကြောင်း စစ်သုံ့ပန်းများညှိနှိုင်းရေးဌာနချုပ်က ပြောသည်။

ရုရှားနှင့်ယူကရိန်းတို့သည် စစ်ပွဲ ကာလ ၁၁ လအတွင်း နှစ်ဖက်လုံး၌ အကျဉ်းသား ရာချီဖမ်းဆီးရမိထားပြီး အကျဉ်းသားလဲလှယ် မှုများ မကြာခဏ ပြုလုပ်လျက်ရှိကာ နောက်ဆုံး အကြိမ်ကို ဇန်နဝါရီ ၈ ရက်က ပြုလုပ် ခဲ့သည်။

(ref : Reuters)






အခြားဆက်စပ်သတင်းများ