နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ် တိရစ္ဆာန်ရုံမှ ကျားသစ်တစ်ကောင် လွတ်

တက္ကဆက်  ဇန်နဝါရီ  ၁၆

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ဒါးလက်စ် တိရစ္ဆာန်ရုံတွင် ကျားသစ်တစ်ကောင် ပျောက်ဆုံးနေခြင်းကြောင့် အဆိုပါ တိရစ္ဆာန်ရုံကို ဇန်နဝါရီ ၁၄ ရက် ကတည်းက ပိတ်ထားကြောင်း သိရ သည်။

နိုဗာဟု အမည်ပေးထားသည့် အဆိုပါကျားသစ်သည် အလေးချိန် ၂၀-၂၅ ပေါင် ခန့်ရှိပြီး ယင်းသည် တိရစ္ဆာန်ရုံ၏ တစ်နေရာတွင် ပုန်း အောင်းနေခြင်း ဖြစ်နိုင်ကာ လူများ ကို အန္တရာယ်မပေးနိုင်ကြောင်း ဒါးလက်စ် တိရစ္ဆာန်ရုံ၏ တိရစ္ဆာန် စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေး ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဟာရစ်ဆင်က ပြောသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ကူညီရှာ ဖွေပေးနေပြီး ကျားသစ်များသည် သစ်ပင်တက်ရသည်ကို ကြိုက်သည့် အတွက် သစ်ပင်ကြီး များကို အဓိက ထား ရှာဖွေနေကြောင်း သိရသည်။

ဒါးလက်စ်တိရစ္ဆာန်ရုံတွင် ယခင်ကလည်း တိရိစ္ဆာန်များ လွတ်ထွက်သွားခြင်းမျိုး ကြုံခဲ့ကာ ၂၀၀၄ ခုနှစ်က ပေါင်ချိန် ၃၄၀ ရှိ သည့် ဂေါ်ရီလာတစ်ကောင်သည် အကာအရံများကြားက ခုန်ထွက်ကာ သောင်းကျန်းခဲ့ခြင်းကြောင့် လူ သုံးဦး  ဒဏ်ရာရခဲ့သည့် ဖြစ်ရပ် သည် အထင် ရှားဆုံး ဖြစ်ကြောင်း သိရသည်။


(ref: AFP)






အခြားဆက်စပ်သတင်းများ