နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန် မြို့တော်ကို အဆင့်မြင့်မြို့တော်ဖြစ်အောင် တည်ဆောက်ရာတွင် ယာဉ်သွားလာမှုလွယ်ကူချောမွေ့စွာသွားလာစေရေးအတွက် လမ်း တံတားများကောင်းမွန်ရေး၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့ တော်ဝန် ဦး‌ဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက်က လှိုင်မြို့နယ် ပြည်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပါရမီလမ်း ပြည်လမ်းနှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်းအကြား လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှု၊ တွံတေးမြို့နယ် ရေမုဟင်းဒေသသို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်းဖြစ်သော မမျိုးဥ-ကင်းရွာ-ခရမ်းဝ- ရေတွင်းကုန်း-ကွင်းပေါက်လမ်းဖောက်လုပ်နေမှု၊ ရန်ကုန်-ပုသိမ် လမ်းရေစုကန်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရန် မြေထိန်းနံရံ တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

လှိုင်မြို့နယ် ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ ပြည်လမ်းနှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)အဝင်လမ်းအကြား မူလလေးလမ်းသွား လမ်းကို ခြောက်လမ်းသွားရရှိအောင် အရှည် ၉၇၀ ပေ၊ အကျယ် ၅၀ ပေ၊ အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၉ လက်မ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုနှင့် တိုးချဲ့လမ်းနှင့် အင်းလျားလေးကန်စပ် အကြားလူသွားစင်္ကြံ စက်ဘီးလမ်းပြုလုပ်နေမှု၊ တွံတေးမြို့နယ် ကွင်းပေါက်ရွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဖောက်လုပ် ခင်းကျင်းခဲ့သည့် ခရမ်းဝ-ရေတွင်းကုန်း မြေသားလမ်းနှင့်ဆက်စပ်၍ ခရမ်းဝရွာမှ ကွင်းပေါက်ရွာအထိ အရှည် ၄ ဒသမ ၀၂၈ မိုင်မြေသား လမ်းကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က အောက်ခံထု ၆ လက်မ၊ အပေါ်ထု ၈ လက်မဖြင့် ကွန်ကရစ်ခင်းကျင်းနေမှု၊ ခရမ်းဝ ရွာနှင့် ကင်းရွာသွားလမ်းဆက်သွယ်သည့် အရှည်ပေ ၃၀၊ အကျယ် ၂၄ ပေရှိ ခရမ်းဝချောင်းကူးတံတားတည်ဆောက်မှု လုပ်ငန်းခွင်များ ကို ရောက်ရှိစစ်ဆေးခဲ့ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

အလားတူ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်ကားလမ်း ဘေး ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ အဝင်လမ်း ထောင့်၊ အနော်ရထာစက်မှုဇုန်ရှေ့၊ အင်ဂျင်နီယာဌာန(ရေစီးရေလာ စီမံခန့်ခွဲမှု)က ရေစုကန်ရေမြောင်း၊ ရေသွားလမ်းအကျယ် ၄၈ ပေ အရှည် ၉၃၀ ပေရှိ မြေထိန်းနံရံတည်ဆောက်နေမှု၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးတောင်ကြားချောင်းကူးတံတားသို့သွားရောက်၍ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်းမှ တောင်ကြားချောင်း၊ ၎င်းမှတစ်ဆင့် ပန်းလှိုင်မြစ်အတွင်း ရေစီးရေလာကောင်းမွန် စေရေး ရေလမ်းကြောင်းပြုပြင်ဖောက်လုပ်ရန်နှင့် မြေထိန်းနံရံ တည်ဆောက်မှုကို စံချိန်စံညွှန်းအညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးမှာကြားခဲ့သည်။ 

ရန်ကုန်မြို့နေပြည်သူများအကျိုးဖြစ်ထွန်းစေမည့် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်၊ စံညွှန်းများပြည့်မီစွာဖြင့် အချိန်နှင့်တပြေးညီပြီးစီးအောင် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပေ သည် ။     






အခြားဆက်စပ်သတင်းများ