နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ပြည်နယ်အချို့ လေဆင်နှာမောင်း ဝင်ရောက်၊ လူ ကိုးဦး သေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ  ၁၅

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာ နှင့် အယ်လ်ဘားမား ပြည်နယ်များ၌ မုန်တိုင်းနှင့် လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်သဖြင့် အနည်းဆုံး လူ ၉ ဦး သေဆုံးသွားကြောင်း ဇန်နဝါရီ ၁၄ ရက် သတင်းများတွင် ဖော်ပြချက်အရ သိရ သည်။

လက်ရှိအချိန်ထိ   ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နေဆဲဖြစ်ပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် အယ်လ်ဘားမား အလယ်ပိုင်းတွင် လူသေ ဆုံးမှု တိုးလာနိုင်သည်ဟု တာဝန်ရှိသူများ က ပြောကြားသည်။

ထို့ပြင် မုန်တိုင်းကြောင့် အမေရိကန် အရှေ့တောင်ဒေသတစ်ဝန်းရှိ သောင်းနှင့် ချီသော နေအိမ်များသည် လျှပ်စစ်မီး ပြတ်တောက်နေပြီး   လမ်းများလည်း အပျက်အစီးများကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်းကြောင့် အယ်လ်ဘားမားပြည်နယ်အလယ်ပိုင်း၌ လူ ခုနစ်ဦးသေဆုံးပြီး ဂျော်ဂျီယာပြည်နယ် ၌ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အခြားတစ်ဦးတို့  သေဆုံးသွားကြောင်း သိရသည်။                   

ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ