နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် ကိုဗစ်မူဝါဒဖြေလျှော့ နယ်စပ်ဖြတ်ကျော် ခရီးသွားမှု မြင့်တက်

ပေကျင်း၊ ဇန်နဝါရီ  ၁၅

တရုတ်နိုင်ငံတွင် ကိုဗစ်မူဝါဒများကို ဖြေလျှော့ပေးပြီးနောက် နယ်စပ်ဖြတ် ကျော် ခရီးသွားလာမှုသည် ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း တရုတ် အာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

တရုတ် လ၀က ဌာန၏ တာဝန် ရှိသူ လျူဟိုင်တောင်းက  ကိုဗစ်မူဝါဒ ဖြေလျှော့ပြီးနောက် မဖြစ်မနေကွာရန် တင်းဝင်ရမည့် စည်းကမ်းကိုပယ်ဖျက် လိုက်ရာ နယ်စပ်ဖြတ်ကျော် ခရီးသွား လာမှုသည် ၄၉,၀၀၀ ကျော်အထိ ရှိလာ ကြောင်း ပြောသည်။ 

လက်ရှိ ကိုဗစ်စည်းကမ်းများ အများ အပြား ဖြေလျှော့ပေးထားသော်လည်း နိုင်ငံတကာ   လေကြောင်းခရီးစဉ် အနည်းငယ်သာ စတင်ပြေးဆွဲနေပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကမူ တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှု ပြန် မြင့်တက်လာနေသည့်အတွက်တရုတ် ခရီးသွားများကို ကိုဗစ်ကန့်သတ်ချက်များ သီးခြားချမှတ်ထားဆဲဖြစ်ကြောင်း သိရ သည်။

ရဲခေါင် (ref: BBC)






အခြားဆက်စပ်သတင်းများ