နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ဈေးတန်းလမ်းတို(အနော်ရထာလမ်းနှင့် City Center ဝင်းအကြား) သန့်ရှင်းရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကုန်ဈေးတန်းလမ်းတို(အနော်ရထာလမ်းနှင့် City Center ဝင်းအကြား) သန့်ရှင်းသာယာသပ်ရပ်စေရန်  ဇန်နဝါရီ ၁၄ ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူတို့ ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် နေပြည်သူများပူးပေါင်းအင်အား ၇၇ ဦးဖြင့် စနေအထူး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှိုက်များ၊ သစ်ရွက်ခြောက်ကြွေများ လှဲကျင်းရှင်းလင်းသိမ်းဆည်းခြင်း၊ စွန့်ပစ်ပစ္စည်းများသိမ်းဆည်းခြင်း၊ လမ်းလယ်ဖြူနီကြားကတ်တုံးများရှိရေညှိ၊ ချေးများတိုက်ချွတ်၍ ရေဆေးကြောခြင်း၊ ရေမြောင်းအတွင်းအမှိုက်များ၊ မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များခုတ်၍ အလင်းဖွင့်ခြင်းဆောင်ရွက်ပြီး လမ်းသွား၊ လမ်းလာပြည်သူများကို နှာခေါင်းစည်း Mask များဝေငှခဲ့ကြ စဉ်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ