နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ကျဂိုးများဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့သည့် မန်ယူ

ဇန်နဝါရီ  ၁၅

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ၏ ပွဲစဉ်တစ်ပွဲအဖြစ် မန်ယူအသင်း နှင့် မန်စီးတီးအသင်းတို့ ယမန်နေ့ ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ  မန်ယူ အသင်းက မန်စီးတီးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် မန်စီးတီး အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ပွဲကို စိုးမိုးနိုင်ခဲ့သော် လည်း ထိရောက်သည့် ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ကာ နည်းပြ တန် ဟက်ဂ်လက်ထက်တွင် ပုံစံ ကောင်း ပြသနေသည့် မန်ယူ အသင်းက အမှားအနည်းဆုံး ကစားပြီး မန်ချက်စတာဒါဘီတွင် နိုင်ပွဲရယူနိုင်ခဲ့သည်။

ပထမပိုင်းတွင် မန်စီးတီး အသင်း ဂိုးရရှိရေး ကြိုးပမ်းခဲ့သော် လည်း မန်ယူအသင်း၏ ခံစစ် အကောင်းဆုံးပုံစံတွင် ရှိနေခြင်း ကြောင့် ကျော်ဖြတ်ရန် ခက်ခဲနေ ခဲ့ကာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရရှိခဲ့ပေ။ 

မန်စီးတီးအသင်းကို ဘောလုံး ကိုင်ကစားခွင့်ပေးခဲ့သည့် မန်ယူ အသင်းက ရက်ရှိဖို့ဒ်၏ လျင်မြန်မှု နှင့်အတူ တန်ပြန်တိုက်စစ်က တစ်ဆင့် အခွင့်အရေး နှစ်ကြိမ်ခန့် ရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိသောကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၆၀ မိနစ် တွင် ဒီဘရိုင်း၏ ဖန်တီးပေးမှုက တစ်ဆင့် လူစားဝင် ကစားသမား ဂရီးလစ်ရှ်က မန်စီးတီးအသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေး ခဲ့သော်လည်း ၇၈ မိနစ်တွင် ဖာနန် ဒက်စ်က မန်ယူအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေး ခဲ့သည်။

ထို့နောက် ပွဲက အကြိတ် အနယ်ရှိခဲ့ပြီး   မန်ယူအသင်း အတွက် အဖိုးတန် အနိုင်ဂိုးကို ၈၂ မိနစ်တွင် ဂါနာချို၏ ဖန်တီးပေးမှု ကတစ်ဆင့် ရက်ရှ်ဖို့ဒ်က သွင်းယူ ပေးခဲ့သည်။

အဆိုပါနိုင်ပွဲကြောင့် မန်ယူ အသင်းသည် ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၃ နေရာ တွင် ရပ်တည်လျက်ရှိပြီး ဒုတိယ နေရာမှ မန်စီးတီးအသင်းနှင့် တစ်မှတ်သာ ကွာဟတော့သည်။

သူရိန်






အခြားဆက်စပ်သတင်းများ