နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပညာသစ်ဖြင့် တည်ဆောက်နေသော ဂျိုင်း ကော့ကရိတ်တံတား

 ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဂျိုင်း (ကော့ကရိတ်) တံတား တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီ ဖြစ်ကာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ တံတားကို သထုံ - ဘားအံ- ကော့ကရိတ် - မြဝတီ လမ်းပေါ် ရှိ ကော့ကရိတ်မြို့နယ်၊ ဂျိုင်း ကျေးရွာ အနီး အရှေ့ အနောက် စီးပွားရေးစင်္ကြံလမ်းမ ကြီးပေါ်၌ တည်ဆောက်နေခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ မေ ၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ODA Loan ဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ တံတား အမျိုးအစားမှာ အုတ်မြစ်သံကူကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်ပြီး တံတားအပေါ် ထည်မှာ သံမဏိကြိုးဆိုင်းတံတား ဖြစ်သည်။ တံတားအရှည် ၁၉၀၃ ပေ (၅၈၀ မီတာ) တံတားအကျယ် ၇၄ ပေ (၂၂ ဒသမ ၆၉ မီတာ) လေးလမ်းသွားတံတားဖြစ်ပြီး၊ လူသွားလမ်း တစ်ဖက်လျှင် လေးပေစီ ပါရှိသည်။ ရာသီဥတု ဒဏ်ခံနိုင်သော သံမဏိအမျိုး အစားတို့ဖြင့် ပေါင်းစပ်တည် ဆောက်ထားသည့် ကမ္ဘာ့ပထမ ဆုံး နည်းပညာသစ်ဖြင့် ဂျပန် ယန်းငွေ ၆ ဒသမ ၈ ဘီလီယံ အကုန်ကျခံ တည်ဆောက်နေ ခြင်း ဖြစ်သည်။ ယခုအခါ တံတား စီမံကိန်းတစ်ခုလုံး၏ ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည်။ အဆိုပါဂျိုင်း (ကော့ကရိတ်) တံတားသစ်ရှိနေသည့် လမ်းပိုင်း သည် ရန်ကုန်မြို့ရှိ သီလဝါ ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းဆိပ်ကမ်း မြို့အထိ ခရီးပေါက်သည့် စီးပွားရေးစင်္ကြံလမ်းကြောင်းကြီးဖြစ် သဖြင့် အဆိုပါ တံတားသစ်ကြီး သည် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်ရှိ ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှု အဓိက ကျသည့် တံတားတစ်စင်းဖြစ် ကြောင်း သိရသည်။

CN-031






အခြားဆက်စပ်သတင်းများ