နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ ဂဏန်းနှင့် ငါးရှဉ့် တရုတ်ယွမ်ငွေဖြင့် ရောင်းချခွင့်ရရှိ

 ရန်ကုန်၊ ဇန်နဝါရီ ၁၅

နယ်စပ်ကုန်သွယ်ရေးဖြင့် ဂဏန်းနှင့် ငါးရှဉ့်အရှင်များကို မူဆယ် ၁၀၅ မိုင် စခန်းက တရုတ် နိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၀ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဂဏန်း တန်ချိန် ၄၀၀၀ ကျော်နှင့် ငါးရှဉ့် တန်ချိန် ၉၀၀၀ ကျော် တင်ပို့ခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ကုန်ပိုင်းတွင် ပြန်တင်ပို့ခွင့် ရရှိ၍ ခြောက်လကျော်အတွင်း မက်ထရစ်တန်ချိန် ၁၃၈၀၀ ကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂဏန်းမက်ထရစ်တန်ချိန် ၄၇၉၃ ဒသမ ၆၈၈ တန်အတွက် တရုတ် ယွမ်ငွေ ၁၃၆၃၁၇၈၆၄ ဒသမ ၁၅၉ ယွမ်၊ ငါးရှဉ့် တန်ချိန် ၉၀၃၇ ဒသမ ၉၂ တန်အတွက် ၂၂၂၃၈၂၄၆ ဒသမ ၃၂ ယွမ် ရရှိ ခဲ့သည်။ ယင်းဂဏန်းနှင့် ငါးရှဉ့်များ သည် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးများနှင့် ရခိုင်ပြည်နယ် တို့က ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည်။

အောင်မြင့်‌ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ