နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါးနှင့် ပဲတီစိမ်းအတွက် ကုမ္ပဏီ ၁၇ ခုနှင့် တောင်သူ ၁၈၆၀ ဦး စာချုပ် ချုပ်ဆို

ရန်ကုန်၊ ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် နွေစပါး ဧက လေးသိန်းနှင့် ပဲတီစိမ်းဧက နှစ်သိန်း စိုက်ပျိုးရန် လျာထားသည်။

လက်တလောတွင် မြို့နယ်ပေါင်း ကိုးမြို့နယ်မှ နွေစပါး ဧက ၂၈၉၉၅ ဧက အတွက် ပြည်တွင်းကုမ္ပဏီ သုံးခုနှင့် တောင်သူ ၁၁၄၃ ဦးတို့ မြို့နယ်အဆင့် စာချုပ် ချုပ်ဆိုထားပြီဖြစ်ကြောင်း သိရသည်။

အလားတူ ပဲတီစိမ်း ဧက ၁၂၁၇၅၀ ဒသမ ၁၇ စိုက်ပျိုးရန် ကုမ္ပဏီ ၁၄ ခု၊ သမဝါယမအသင်း နှစ်သင်းနှင့် မြို့နယ် ခုနစ်ခုတို့တွင် တောင်သူ ၁၂၂၅၉ ဦးတို့က အဆိုပြုခဲ့ပြီး ယင်းအနက် တောင်သူ ၁၄၄ ဦး၊ စိုက်ဧက ၇၁၇ ဧကအတွက် မြို့နယ်အဆင့် စာချုပ်ချုပ်ဆိုပြီး ဖြစ်ကြောင်း သိရသည်။

ကျန်စိုက်ဧကများအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ