နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဣစ္ဆာရာမကျောင်းတိုက်ဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ကမာရွတ်မြို့နယ်၊ ၈ ရပ်ကွက်၊ နာနတ်တောလမ်းရှိ ဣစ္ဆာရာမကျောင်းတိုက်ဝင်းအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ဇန်နဝါရီ ၁၄ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၄၆ ဦးဖြင့် စနေနေ့ အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ရာတွင် ကျောင်းတိုက်ရှေ့ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတိုက်ဝင်းအတွင်း မြက်များ ရှင်းလင်း၍ သဲ၊ ခဲများ လှည်းကျင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာတွင် တံမြက်စည်းလှည်း၍ ရေဆေးသန့်စင်ခြင်း၊ သစ်ပင်အောက်တက် များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းတိုက်ဝင်းအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။

ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ