နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာသော မြို့၊ရွာဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်‌ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူ များက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်း တွင် မိမိတို့၏ မြို့ရွာဒေသများတွင် သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြသည်။

ရန်ကုန်မြို့တော်သည် နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် အတွက် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လျက် ရှိသည်။ ယင်းအပြင် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ် ရာ အချက်အချာနေရာဖြစ်ရာ စိမ်းလန်းကြည်လင် သန့်ရှင်းသာယာ သော မြို့တော်ဖြစ်ရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် စနေနေ့တိုင်း အထူး သန့်ရှင်းရေးဆောင်ရွက်မှုသည် အထောက်အပံ့တစ်ခုဖြစ်စေသည်။

မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့၊ ရွာရပ်ကွက်များ သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စွန့်ပစ် ပစ္စည်းများကို စနစ်တကျ စွန့်ပစ်နိုင်ရေးသည် အရေးပါသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် စွန့်ပစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းပေးလျက်ရှိသည်။ သတ်မှတ်အမှိုက်ပုံ၊ အမှိုက်ကန်၊ အမှိုက်ပုံးများကို တိုးချဲ့ချထားပေးလျက်ရှိသည်။ မိမိဆန္ဒကြောင့် အခြားသူများအား မထိခိုက်စေရန်လိုအပ်သည်။

မီးဖိုဆောင်ထွက် အမှိုက်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ရန်နှင့် လမ်းသွားလမ်းလာများ၊ ခရီးသည်များ သည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိအမှိုက်ပုံး များထဲသို့ စနစ်တကျ စွန့်ပစ်ရပေမည်။

အများသုံးစင်္ကြံနှင့် လူသွားလမ်းများတွင် အမှိုက်နှင့် စက်ဆုပ် ဖွယ်ရာများ ချမထားရန်နှင့် ကွမ်းတံတွေး ထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်တံတွေး၊ အန်ဖတ်အရည်များ စနစ်တကျ စွန့်ပစ်ရန်လိုအပ် သည်။

ရန်ကုန်မြို့တော်ကြီး စိမ်းလန်း၊ ကြည်လင် သန့်ရှင်းသာယာ လှပရေးအတွက် မြို့တော်သူ၊ မြို့တော်သားများ၏ နိုင်ငံကြီးသား ပီသစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် စီးပွားရေးမြို့တော်ကြီးကို ဂုဏ်တင့်တယ်စေချင်ကြောင်း။    






အခြားဆက်စပ်သတင်းများ