နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီကိုအသင်းက ဂျာအိုဖီးလစ်၏နေရာတွင် ဒီပေးနှင့် အစားထိုးရန် ဆွေးနွေး

ဇန်နဝါရီ  ၁၄

အေတီကိုအသင်းသည် တိုက်စစ်ကစားသမား  ဂျာအို ဖီးလစ်ကို   ချဲလ်ဆီးအသင်းသို့ ခြောက်လ  အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်   ပြုခဲ့ပြီးနောက် ယင်း၏နေရာတွင် အစားထိုးရန် ဘာစီလိုနာအသင်းမှ ဒီပေးကို ခေါ်ယူနိုင်ရေးဆွေးနွေးမှု ပြုလုပ် နေကြောင်း သိရသည်။

နည်းပြ  ဆီမြွန်နီသည်  ယင်း ၏ ကစားကွက်နှင့်  ကိုက်ညီမှု မရှိ သည့် တိုက်စစ်မှူး ဂျာအိုဖီးလစ် ကို ချဲလ်ဆီးအသင်းသို့   အငှား စာချုပ်ဖြင့် စေလွှတ်ခဲ့ပြီးနောက် လစ်လပ် နေသည့် တိုက်စစ်နေရာ အတွက်   ဘာစီလိုနာအသင်း တွင် ပွဲကစားခွင့်ရရှိရန် ရုန်းကန် နေရသည့် ဒီပေးနှင့် အစားထိုး နိုင်ရန် အသင်းတာဝန် ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်လျက်ရှိသည်။

ဘာစီလိုနာအသင်းကလည်း ပုံမှန် ပွဲထွက်ခွင့် မပေးနိုင်သည့် တိုက်စစ်မှူး ဒီပေးနှင့်လာမည့် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်  ဖြစ်သောကြောင့် သင့်လျော်သည့် ကမ်းလှမ်းမှုများ ပြုလုပ်လာပါက အသင်းမှထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

တိုက်စစ်မှူး ဒီပေးကို အေတီ ကို အသင်းအပြင် ပရီးမီးယားလိဂ် ကလပ် များ နှင့်   စီးရီးအေ ကလပ်  ရိုးမား၊ ဂျူဗင်တပ်အသင်းတို့က  ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ