နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး အူဘာမီယန်း ပွဲကစားခွင့်ပျောက်ဆုံးခြင်းကြောင့် ချဲလ်ဆီးအသင်းမှ ထွက်ခွာရန် ပြင်ဆင်

ဇန်နဝါရီ  ၁၄

ဘာစီလိုနာအသင်းမှ ချဲလ်ဆီး အသင်းသို့ စတာလင်ပေါင် ၁၂ သန်းဖြင့်   ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူး အူဘာမီယန်းသည် ပုံမှန် ပွဲထွက်ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့် အသင်းမှ ထွက်ခွာ ရန်  ပြင်ဆင်နေကြောင်း  သိရ သည်။

အူဘာမီယန်းသည် ချဲလ်ဆီး အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၁၆ ပွဲတွင် သွင်းဂိုး သုံးဂိုး သာ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယား လိဂ် ပြိုင်ပွဲတွင်လည်း လေးပွဲ သာ ပွဲထွက်ခွင့်  ရရှိခဲ့သကဲ့သို့ ယခု   အပြောင်းအရွှေ့ကာလ တွင်လည်း အသင်းကတိုက်စစ် မှူး ဂျာအိုဖီးလစ်နှင့်  ဒက်ထရို ဖိုဖာနာတို့ကို ထပ်မံခေါ်ယူခဲ့ သောကြောင့်  ယင်းအနေဖြင့် ပွဲကစားခွင့်ရရှိရန် မသေချာတော့ ခြင်း ဖြစ်သည်။

ထို့ကြောင့် အသက် ၃၃ နှစ်အရွယ်ရှိ     တိုက်စစ်မှူး အူဘာမီယန်းသည် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိ နေသော်လည်း အသင်းမှ ထွက်ခွာ ရန် ကြိုးပမ်းခဲ့ကာ  အသင်း ဟောင်း ဘာစီလိုနာအသင်းနှင့် ပြန်လည်ပူးပေါင်းရန် ဆန္ဒရှိနေ ခြင်းဖြစ်သည်။

ဘောလုံးရာသီတစ်ခုအတွင်း ကလပ်အသင်း နှစ်သင်းတွင်သာ ကစားခွင့်ရှိသည့် ဖီဖာ၏ စည်းမျဉ်း ကြောင့် အူဘာမီယန်းအနေ ဖြင့် အခြားကလပ်အသင်းသို့ ပြောင်းရွှေ့ခွင့်ရရှိမည် မဟုတ်ပဲ အသင်းဟောင်းနှင့်သာ ပြန်လည် ပူးပေါင်းခွင့်ရှိနေခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ