နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်လက်ရွေးစင် ကစားသမားဘဝမှ ဂိုးသမား လိုရစ် အနားယူ

 ဇန်နဝါရီ  ၁၃

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားထားသည့် ဂိုးသမား လိုရစ်သည် နိုင်ငံအသင်း ကစားသမား ဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဂိုးသမား လိုရစ်သည် ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လု ပွဲစဉ်တွင် အာဂျင်တီးနားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ ပြီးနောက် ပြင်သစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၅ ပွဲ ပါဝင် ကစားခဲ့သည့် ပွဲအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သကဲ့သို့ အသင်းခေါင်းဆောင်အဖြစ်လည်း ပွဲ ၁၀၀ ပြည့်မြောက် ခဲ့သည့် မှတ်တမ်း ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် နိုင်ငံအသင်း ကစားသမားဘဝမှ အနားယူ ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ရဲ့    နေရာအတွက် လက်ဆင့်ကမ်းရမယ့် ကစားသမားရှိနေ တဲ့အတွက် အနားယူဖို့ အချိန်ကျလာပြီ လို့ ထင်ပါတယ်။ အခုလို အနားယူဖို့ ဆုံးဖြတ်ချက်မချချင်ပေမယ့် တစ်ချိန် ချိန်မှာ ကျွန်တော်တို့ မဖြစ်မနေကြုံတွေ့ ရမယ့်အရာပါ။ ကျွန်တော့်  နေရာမှာ အစားထိုးဖို့   မိုင်ဂနန်လို   ဂိုးသမား တစ်ဦး အသင့်ရှိနေတာကြောင့်လည်း လက်ရွေးစင်  ကစားသမားဘဝက အနားယူလိုက်တာပါ”ဟု   ဂိုးသမား လိုရစ်က  ပြောသည်။  လိုရစ်သည် ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုနှင့် ၂၀၂၁ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ချန်ပီယံဆုဖလားတို့ကို           ဆွတ်ခူးနိုင်ခဲ့ သည်။                                         သူရိန်






အခြားဆက်စပ်သတင်းများ