နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပဲမျိုးစုံ ကန်ဒေါ်လာသန်း ၉၆၀ ဖိုး တင်ပို့ခဲ့

ရန်ကုန်၊ ဇန်နဝါရီ  ၁၃

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ပဲမျိုးစုံပြည်ပ တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၉၆၀ ကျော်ရရှိခဲ့ပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံပဲများကို အများဆုံးတင်ပို့ခဲ့သည်။ 

ထိုသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈၅၄ ဒသမ ၇၃၈ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၁၄ ဒသမ ၇၉၁ သန်းဖိုး ရောင်းချခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ မတ်ပဲ ကန်ဒေါ်လာ ၄၂၂ ဒသမ ၃၁၅ သန်းဖိုး နယ်စပ်ကုန်သွယ်ရေးမှ မတ်ပဲ ကန်ဒေါ်လာ  ၈ ဒသမ ၂၄၃ သန်းဖိုးဖြင့် အများဆုံးတင်ပို့ရောင်းချရပြီး၊ ပင်လယ် ရေကြောင်းမှ ပဲတီစိမ်း ကန်ဒေါ်လာ ၂၃၄ ဒသမ ၉၇၀ သန်း၊ နယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၇၀ ဒသမ ၆၇၃ သန်းဖိုးဖြင့် ဒုတိယ အများဆုံး တင်ပို့ခဲ့သည်။ ထို့အတူ ပဲစင်းငုံကို ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈၈ ဒသမ ၀၉၄ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၀ ဒသမ ၂၀၅ သန်းဖြင့် တတိယအများဆုံး တင်ပို့ခဲ့သည်။ အဆိုပါ ကာလအတွင်း မြန်မာ့ပဲအမျိုးအစားပေါင်း ၂၀ ကျော် ပြည်ပသို့ တင်ပို့ ခဲ့သည်။

CN 031






အခြားဆက်စပ်သတင်းများ