နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ငွေတိုးပွားရေး တိုးချဲ့စိုက်ပျိုး

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် စပါးအဓိကစိုက်ပျိုးသော နိုင်ငံဖြစ် သည်။ စပါးကို ရှေးယခင်က တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးခဲ့ရာမှ မိုးစပါး၊ နွေစပါး နှစ်ကြိမ်စိုက်ပျိုးလာနိုင်သဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ စပါး တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကောင်းလာပါမှ တောင်သူ လယ်သမားတို့၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ရာ စပါး စိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်လာ ကြသည်။

လယ်ယာလုပ်ငန်းခွင်တွင် ထယ်ရေးညှက်ပြီး သမန်းကောင်း အောင် ဆောင်ရွက်ခြင်းသည် ကောက်စိုက်လုပ်ငန်းတွင် အရေး အကြီးဆုံး အလုပ်ဖြစ်သည်။ စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို လိုက်နာခြင်း စပါး အထွက်ကို တိုးစေသော်လည်း ကောက်ကွက်များ မစိတ်လွန်း၊ မကျဲလွန်း စိုက်ပျိုးခြင်းဖြင့် စပါးအထွက်တိုးစေနိုင်သည်။

တောင်သူလယ်သမားများ၏ တစ်ပိုင်တစ်နိုင် အလေ့အထ အဆင့်မှ ဈေးကွက်ဝင်သီးနှံအမယ်များကို ရွေးချယ်၍ စီးပွားဖြစ် စိုက်ကွင်းများ ထူထောင်အကောင်အထည်ဖော်သည့် အလေ့အထ များကို ပြောင်းလဲဖော်ဆောင်ရန်လိုအပ်သည်။ ‌ဈေးကွက် လိုအပ်ချက်အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက်၊ အချိန် ကိုက် စိုက်ပျိုးထုတ်လုပ်ရေးသည် ဝင်ငွေတိုးတက်ရေးအတွက် အရေးပါသည်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနက UMG ကုမ္ပဏီနှင့် ပူးပေါင်း၍ ဒေသခံတောင်သူများအား (6 Roll Kubota Rice Transplanter) ကောက်စိုက်စက်ကို အသုံးပြု ကာ နွေစပါး လက်တွေ့စိုက်ပျိုးပြသခြင်းနှင့် မက်တာဒေါ လယ်ထွန်စက်ကြီးများ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၂ ရက်က စက်မှု လယ်ယာ စနစ်ကျလယ်ယာမြေကွင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်း တွင် ကျင်းပရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် လည်းကောင်း၊ UMG ကုမ္ပဏီတာဝန်ရှိသူများ က မက်တာဒေါ လယ်ထွန်စက်ဖြင့် လည်းကောင်း နွေစပါးများကို လက်တွေ့စိုက်ပျိုးပြသသည်။

မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာကဏ္ဍကို ဦးတည် လျှောက်လှမ်းနေပြီဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေကောင်း၊ အခြေခံကောင်းများကို လက်လွတ်မခံဘဲ မိသားစုဝင်ငွေတိုးပွားရေး အားကြိုးမာန်တက် အလုပ်လုပ်ကြရန် တိုက်တွန်းနှိုးဆော်ရပေသည်။       ။






အခြားဆက်စပ်သတင်းများ