နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့အမျိုးသားဇာတ်ရုံကြီး၌ အသက်ထက်မြတ်သောဂုဏ်သိက္ခာဇာတ်တော်ကြီး ဒုတိယနေ့အဖြစ် ဆက်လက်တင်ဆက်ဖျော်ဖြေ

ရန်ကုန်  ဇန်နဝါရီ  ၁၃

အများပြည်သူများ စိတ် အပန်းပြေစေရန်နှင့် စိတ်ခွန်အား ရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အနုပညာဦးစီးဌာနက စီစဉ် ကပြသော အသက်ထက်မြတ် သောဂုဏ်သိက္ခာ ဇာတ်တော် ကြီး ဒုတိယနေ့အဖြစ် ဇန်နဝါရီ ၁၂ ရက်က တင်ဆက်ဖျော်ဖြေ နေမှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုး ဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးညွန့် ဝင်းနှင့် တာဝန်ရှိသူများ၊ အများ ပြည်သူများ၊ နိုင်ငံ့တာဝန်ထမ်း ဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများက ကြည့်ရှုအား ပေးကြသည်။

"အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး" သည် မြန်မာ့သမိုင်းတွင် ရတု ရေးသားရာ၌ တံခွန်စိုက်ထူခဲ့ သည့် တောင်ငူဘုရင် နတ်သျှင် နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ် ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဓံအနိမ့်အမြင့်၊ အတက် အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ် ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ် များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာ သောနိုင်ငံရေး၊ စစ်ရေး၊ အခင်း အကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိ သည်သာမက အနုသုခုမပညာ တွင်လည်း လက်ရာပြောင်မြောက် သော နတ်သျှင်နောင်သည် မိမိ တို့၏နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ ယုံစား၍ ပူးပေါင်းဆောင်ရွက် မိသဖြင့် မလှပသော သမိုင်းနိဂုံး ဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်း တစ်ကွေ့၏ သတိမူစရာ သင်ခန်း စာဖြစ်ရပ်တစ်ခုအနေဖြင့် တင် ဆက်ကပြရခြင်း ဖြစ်သည်။

ထိုသို့ဖျော်ဖြေတင်ဆက်နေ မှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီး ဝန်ကြီးများက ညနေ ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး အသက်ထက်မြတ် သော ဂုဏ်သိက္ခာဇာတ်တော် ကြီး ဖျော်ဖြေတင်ဆက်မှုတွင် ပါဝင်သော ဇာတ်ဆောင်များ၊ ဇာတ်ပို့၊ ဇာတ်ရံများ၊ နောက်ခံ ဆိုင်းဝိုင်းဖြင့် ကူညီအားဖြည့် ပေးသော ဆိုင်းအဖွဲ့များနှင့် ဇာတ်တော်ကြီး ဖြစ်မြောက် အောင် အဘက်ဘက်က ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြသူ များအားလုံးအတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ (ကိုယ်စား) ဝန်ကြီးချုပ်ဦးစိုးသိန်း က  ဂုဏ်ပြုချီးမြှင့်ငွေများကို အဓိကဇာတ်ဆောင်များထံ ပေး အပ်ပြီး တိုင်းဒေသကြီးဝန်ကြီး များနှင့်အတူ ဇာတ်တော်ကြီး ကပြရာတွင် ပါဝင်ခဲ့ကြသည့် ၁၅၀ ဦး အတွက် တစ်ဦးချင်း ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေး အပ်ကာ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ဇန်နဝါရီ ၁၄ ရက် တတိယ နေ့အဖြစ် တပ်ရင်းတပ်ဖွဲ့အသီး သီးမှ တပ်မတော်သားများနှင့် မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် မိသားစုများကို မွန်းလွဲ ၁ နာရီမှစ၍ တင်ဆက်ကပြ ဖျော်ဖြေမည်ဖြစ်သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ