နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ရပ်တန့်မှုကြောင့် ရန်ကုန်ရှိ စက်မှုဇုန်များနှင့် မြို့နယ်အချို့ ယာယီဓာတ်အား ပြတ်တောက်မည်

ရန်ကုန်  ဇန်နဝါရီ  ၁၃

ရန်ကုန်တိုင်းဒေသကြီးသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ရပ်တန့်မှုကို ပြုပြင် လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Com- pressor များကို ဇန်နဝါရီလ ၉ ရက် နံနက် ၃ နာရီ အချိန်ခန့်က စတင်ပြီး အရေးပေါ်ရပ်တန့်မှုကို ပြုပြင်နေခြင်းဖြစ်သည်။

အရေးပေါ်ရပ်တန့်မှုကို ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ပို့လွှတ်မှု ရပ်တန့်မှုကြောင့် Totally Shut Down ဖြစ်ပေါ်ကာ ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေကြောင်း သိရသည်။ အရေးပေါ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်နေရာအချို့ ဓာတ်အားယာယီ ပြတ်တောက်နိုင်ကြောင်း အသိပေးထားသည်။

လျှပ်စစ်ဓာတ်အား လျော့နည်းနေခြင်းကြောင့် အရေးပေါ် ဝန်အား လျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်မည်ဖြစ်ကာ အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထား သည်။                                                              CN-033






အခြားဆက်စပ်သတင်းများ