နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ အဝေးရောက်ပုဂ္ဂိုလ်များထံ ပေးအပ်ခြင်း အခမ်းအနား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များ၏မိသားစုများထံသို့ ဘွဲ့တံဆိပ်များ အိမ်တိုင်ရာရောက်ပေးအပ်

ရန်ကုန်  ဇန်နဝါရီ  ၁၃

၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင် ဘွဲ့များအား အဝေးရောက် ပုဂ္ဂိုလ်များထံ ပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ သဘင်ဆောင်၌ ယမန် နေ့ နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ယင်းတို့၏ဇနီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘွဲ့ထူးဂုဏ်ထူး ရရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ဂုဏ်ပြုအမှာစကားပြောကြား ရာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံ တော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍ များတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၊ နယ်ဘက်နှင့် စစ်ဘက် ဆိုင်ရာတို့တွင် တိုင်းကျိုး၊ ပြည် ကျိုးကို အများနှင့် မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုး အတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာ နှင့်အခြားသော ပညာရပ်တစ်ခု ခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင် စွာ တီထွင်ဖန်တီးစွမ်းဆောင် နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်တတ်မြောက် သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံ ရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေ စိုးမိုးရေးတို့ တွင် မဆုတ်မနစ်သော ဇွဲ၊ ဝီရိယ နှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များကို နိုင်ငံတော် က ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ များကို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်သို့ တက်ရောက်မယူနိုင်သူများဖြစ်ကြ သည့် ရန်ကုန်တိုင်းဒေသကြီးက အဝေးရောက်ပုဂ္ဂိုလ်များဖြစ်ကြ သည့် သတိုးမဟာသရေစည်သူ ဘွဲ့ရရှိသူ တစ်ဦး၊ သရေစည်သူ ဘွဲ့ရရှိသူ တစ်ဦး၊ စည်သူဘွဲ့ ရရှိသူ ၂၀ ဦး၊ သီရိပျံချီဘွဲ့ရရှိသူ ၃၆ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိ သူ ၁၀ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၄၄ ဦး၊ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ ၂၈ ဦးနှင့် သိပ္ပကျော်စွာ ဘွဲ့ရရှိသူ လေးဦး၊ စုစုပေါင်း ၁၄၄ ဦးအနက် ယမန်နေ့တွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဘွဲ့ အမျိုးအစားအလိုက် ကိုယ်တိုင် တက်ရောက်ယူသူ    ၁၀   ဦးနှင့်ကိုယ်စား တက်ရောက်ယူသူ ၄၈ ဦး၊ စုစုပေါင်း ၅၈ ဦးတို့အား လက်ဝယ်အရောက် ပေးအပ်ခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရဲသူရတံဆိပ် တစ်ဦး၊ ရဲဗလ တံဆိပ် ၁၇ ဦး၊ စီမံထူးချွန် (ပထမဆင့်) ငါးဦး၊ စုစုပေါင်း ၂၃ ဦးတို့အား ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်ပေးအပ်ပြီး တက် ရောက်လာသူများအား မင်္ဂလာ ခန်းမတွင် နံနက်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ်တွင် ချီးမြှင့် ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင် ဘွဲ့များအား နေပြည်တော်သို့ တက်ရောက်မယူနိုင်သူများဖြစ် ကြသည့် ရန်ကုန်တိုင်းဒေသကြီး က ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များ၏ နေအိမ်များရှိ မိသားစုများထံသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်း ဒေသကြီး ဝန်ကြီးများက ယမန် နေ့ မွန်းလွဲပိုင်းတွင် အိမ်တိုင် ရာရောက် လိုက်လံချီးမြှင့်ပေး အပ်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ သည် စည်သူဘွဲ့ရရှိသူများဖြစ် ကြသည့် ကမာရွတ်မြို့နယ်နေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ဝင် ဗိုလ်ချုပ် ဉာဏ်လင်း(ငြိမ်း)၊ ဗဟန်းမြို့ နယ်နေ နိုင်ငံတော်ကောင်စီဝင် (ငြိမ်း) ဦးထွန်းရင်လော၊ သရေ စည်သူဘွဲ့ရရှိသည့် အမှတ် ၂ စက်မှု ဝန်ကြီးဌာန ဝန်ကြီး(ဟောင်း) ဒုတိယဗိုလ်ချုပ်ကြီး စိန်အောင် (ငြိမ်း)၊ မရမ်းကုန်းမြို့နယ်နေ သတိုးမဟာသရေစည်သူဘွဲ့ရရှိ သည့် နိုင်ငံတော်ဝန်ကြီးချုပ် (ဟောင်း) ဦးစိန်ဝင်း၊ စည်သူဘွဲ့ ရရှိသည့် မရမ်းကုန်းမြို့နယ်နေ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်မှူးချုပ် သောင်းဒန် (ငြိမ်း) တို့၏ နေအိမ်များသို့သွားရောက် ကြပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် များကို ချီးမြှင့်ပေးအပ်ရာ ဂုဏ် ထူး၊ ဘွဲ့ထူးရရှိသူများ၏ကိုယ်စား မိသားစုဝင်များက လက်ခံရယူ ကြပြီး ကျေးဇူးတင်စကား ပြန် လည်ပြောကြားကြသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ