နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ တိုးတက်မြင့်မားရေး စွမ်းဆောင်ကြိုးပမ်း

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး အစီအစဉ်အရ လုပ်ငန်းစဉ် များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပညာသင်နှစ်အလိုက် အခြေခံပညာကျောင်းအားလုံးတွင် ပညာရေး လက်တွေ့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပညာရေးပြက္ခဒိန်ရေးဆွဲ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၌ ကျောင်း နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်း ကျန်းမာ ရေးစစ်ဆေးရေးနှင့် ကုသရေးလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ် ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် ကျောင်း ကျန်းမာရေးလုပ်ငန်း ၅ ရပ်ကို ဆောင်ရွက်လျက်ရှိသည်။

အခြေခံပညာကျောင်းများတွင် မြစ်ရေကို အသုံးပြုခြင်း၊ စိမ့်စမ်း များမှတစ်ဆင့် ရေသွယ်တန်းအသုံးပြုခြင်းနှင့် တွင်းရေကို အသုံးပြု သဖြင့် ကျန်းမာရေးနှင့် မညီညွတ်သည့်အတွက် ပညာရေးဝန်ကြီး ဌာန၏ သန့် ၅ သန့် ညွှန်ကြားချက်နှင့်အညီ ရေသန့်စက်များ တပ်ဆင်အသုံးပြုလျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ကိုဗစ်-၁၉ ရောဂါ        ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ အသက် ငါးနှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ငါးလပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများကို ထပ်ဆောင်းကာကွယ်ဆေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှစတင် ၍ ထိုးနှံပေးလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်များသည် ကျောင်းနေအရွယ် ကပင် ကျန်းမာရေးအသိပညာဗဟုသုတနှင့် အလေ့အကျင့်ကောင်း များ တစ်ပေါင်းတည်းရရှိ ဆောင်ရွက်ခြင်းသည် ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများအတွက် အရေးပါပေသည်။

နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ် ကြီးများ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကျန်းမာရွှင်လန်းသော ကျောင်းသား၊ ကျောင်းသူများက ပညာ သင်ယူရေး စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွစွာဖြင့် လုပ်ဆောင် ကြမည်ဖြစ်ရာ ကျောင်းကျန်းမာရေး ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး တိုက်တွန်း နှိုးဆော်ရပေသည်။        ။






အခြားဆက်စပ်သတင်းများ