နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေး လိုက်နာဆောင်ရွက်

ယခုအခါ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အပြင် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်များ လျှင်မြန်စွာကူးစက်မှုများ ရှိနေ၍ မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ် နည်းလမ်းအား လိုက်နာနေထိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၇ ရက်အထိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပြီးသူ အသက် ၁၈ နှစ်အထက်နှင့် အသက် ၁၈ နှစ်အောက် စုစုပေါင်း ၃၇ ဒသမ ၆၅ သန်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ ကာကွယ်ဆေးများကို ဦးတည်အုပ်စု အလိုက် ထိုးနှံပေးလျက်ရှိရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်အသက်နှင့် ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများ ကိုသာ ထိုးနှံပေးခြင်းဖြစ်သည်။ အသက် ငါးနှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၅ နှစ်အထက် ပြည်သူ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက် ရှိသည်။ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက် ရှိသော ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံ တက်ရောက်ကုသမှုခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးသကဲ့သို့ လက်ကို ဆပ်ပြာရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည် စက္ကန့် ၂၀ ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန်လိုအပ် သည်။

နာတာရှည်ရောဂါအခံ တစ်ခုခုရှိသောကြောင့် ကာကွယ်ဆေး ထိုးနှံရမည်ကို စိုးရိမ်ကြောင့်ကြခြင်း၊ ဆေးထိုးစုရပ်ကိုသွားရောက် ရန် ခက်ခဲခြင်း၊ သတင်းအမှားများကြောင့် ကာကွယ်ဆေးထိုးနှံရန် မလိုအပ်ဟု ထင်မြင်ယူဆခြင်းကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်း အချက်အလက်များ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များကို သတိမူလိုက်နာ၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်   ဆေးများကို ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ရပေသည်။      ။






အခြားဆက်စပ်သတင်းများ