နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်

ရန်ကုန် ဇွန် ၁၆


The Sound Of Happiness ဟု အမည်ပေးထားသည့် COVID-19 ရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲကို ဇွန် ၂၁ ရက်တွင် ကျရောက်သော World Music Day တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဂီတဖျော်ဖြေပွဲတွင် ပြည်တွင်း အဆိုရှင်များဖြစ်သည့် ဝေလ၊ Big Bag၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ်၊ မေနှင့် ချမ်းမြေ့မောင်ချိုတို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး နိုင်ငံတကာမှ အောင်မြင်ကျော်ကြားနေသည့် အဆိုတော်များကလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


The Sound Of Happiness ဖျော်ဖြေပွဲကို ဇွန် ၂၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် အွန်လိုင်း Live အနေဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။


အဆိုပါဖျော်ဖြေပွဲတွင် ကြည့်ရှုသူများအနေဖြင့် မိမိကြိုက်နှစ်သက်သည့် အဆိုတော်များကို လက်ဆောင် (Gift) များ ပေးခြင်းဖြင့် အားပေးကြည့်ရှုနိုင်သည်။ အဆိုပါရရှိသောငွေများကို COVID-19 ရောဂါ တုံ့ပြန်တားဆီးရေး အစီအစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီပေးနေသည့် UNICEF ကို လှူဒါန်းသွားမည် ဖြစ်သည်။


အဆိုပါ လှူဒါန်းမှုအစီအစဉ်တွင် JOOX နှင့်အတူ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် Realme မှလည်း ပါဝင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။                                                                           


(သူရိန်)






အခြားဆက်စပ်သတင်းများ