နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂံရှိ စေတီပုထိုးအချို့တွင် ဌာပနာတိုက်ဖောက်ထွင်းခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့၍ ကင်းလှည့်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁၆


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားစေတီအချို့တွင် ဌာပနာတိုက်                   ဖောက်ထွင်းခံရမှုများဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့အင်အားတိုးချဲ့၍ ကင်းလှည့်ခြင်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။


ထို့ပြင် ရေရှည်အတွက် အစောင့်လုံခြုံရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊ CCTV ကဲ့သို့သော စောင့်ကြည့် ကိရိယာများတပ်ဆင်ရန်၊ ယဉ်ကျေးမှုတန်ဖိုးကြီးသော ရှေးဟောင်းစေတီပုထိုးများအား အဆင့်ခွဲခြားသတ်မှတ်၍ ကန့်သတ်စိစစ်ကြည့်ရှုခွင့်ပြုရန်ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။


ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား ၃၃ ဆူ တွင် ဌာပနာတိုက်ဖောက်ထွင်းခံရသည်ဟု သံသယဖြစ်ရသည့်အတွက် စစ်ဆေးကြည့်ရာ ဘုရား ၁၂ ဆူတွင် ဌာပနာတိုက် ဖောက်ထွင်းခံထားရကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းကြောင့် ဖြစ်သည်။


ကျန်ရှိသည့် ဘုရား ၂၁ ဆူသည် စေတီပုထိုးများကို အသစ်ပြုပြင်မွမ်းမံခဲ့စဉ်ကပင် အလှူရှင်များ ဌာပနာ နိုင်ရန်အတွက် အထက်ဌာပနာပေါက်အဖြစ် ၁ ပေပတ်လည်ခန့် ချန်ထားခြင်းသာဖြစ်သည်ကို တွေ့ရှိရသည် ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈၂၂ ဆူရှိပြီး COVID-19 ကြောင့် ရောဂါကူးစက်မှုမရှိစေရန် Stay at Home နေထိုင်ကြစဉ်ကာလကို အခွင့်ကောင်းယူ၍ ဘုရားစေတီပုထိုး ၁၂ ဆူ၏ ဌာပနာတိုက်များကို ဖောက်ထွင်းခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။                                                


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ