နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့အတွင်းမိုးရွာချိန်ကြာမြင့်သောကြောင့်ရေတင်ရေကြီးသည့်နေရာများအား ဒုတိယမြိုတော်ဝန် လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၆


ရန်ကုန်မြို့အတွင်း မိုးရွာချိန်ကြာမြင့်သောကြောင့် ရေတင်ရေကြီးသည့် နေရာများအား ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ လိုက်ပါလျက် အနောက်မြင်းပြိုင်ကွင်းလမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်း၊ ဆရာစံလမ်းဆုံရာနေရာများတွင် နှစ်စဉ် မိုးရာသီကာလမိုးများချိန်တွင် လမ်းပေါ်ရေတင်သည့်အခြေအနေများကို ဇွန် ၁၄ ရက် ညနေပိုင်းက မိုးကြီးပြီး မိုးရွာသွန်းချိန်ကြာမြင့်လာ သည့်အချိန်တွင် မြေပြင်အခြေအနေများကိုကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးသည့်နေရာသို့ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ရန်ကင်းမြို့နယ်ရေစီးရေလာတာဝန်ခံတို့နှင့်အတူ သွားရောက် စစ်ဆေးရာလက်ရှိမြေပြင်အခြေအနေ၊ ရေတင်နေသည့်လမ်းဆုံမှ ရေများစီးဆင်းနေမှုကိုလည်းကောင်း၊ ထိုသို့ စီးဆင်းနေသည့် လမ်းကြောင်းတွင် ကျုးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ၏ အခြေအနေ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကြောင့် ရေစီးသည့်လမ်းကြောင်းကျဉ်းမြောင်းလာရသည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြကြသည်။


ထိုသို့ ရှင်းလင်းတင်ပြသည့်အပေါ် ဒုတိယမြို့တော်ဝန်က ရေစီးရာလမ်းကြောင်းပေါ်တွင်မည်သို့သောကျူးကျော်အဆောက်အအုံများရှိနေသည်ကို တိတိကျကျသိရှိရန် ရေစီးသည့်လမ်းတစ်လျှောက်ရှိ မြို့နယ် များက စစ်ဆေးပြီး တင်ပြကြရန်မှာကြားပြီး၊ မိမိအနေဖြင့်လည်း ကျူးကိစ္စအပါအဝင် အသီးသီး တင်ပြ ကြ သည့် မြေပြင်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီးဋ္ဌာနဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်ထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းပြောကြားပြီး မိုးရေထဲတွင် အလုပ်လုပ် နေကြသည့် စည်ပင်သာယာဝန်ထမ်းများအား အန္တရာယ်ကင်းစွာ အလုပ်လုပ်ကြစေရန် အထူးသတိပြု ကြီးကြပ်ပေးကြရန်  မှာကြားခဲ့ကြောင်းသိရှိရသည်။                                                  


အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ