နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂ္ဂလိကဘဏ်များအား လုံခြုံရေးလှည့်ကင်းဆောင်ရွက်ပြီး အရေးပေါ်ချိတ်ဆက်ဆောင်ရွက်မှုများ အသိပညာပေး

ပဲခူး   ဇွန် ၁၆


ပဲခူးမြို့ မြို့မရဲစခန်းအပိုင်ရှိ ပုဂ္ဂလိကဘဏ်များတွင် ဇွန် ၁၆ ရက် နံနက် ၁ဝ နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးလှည့်ကင်းဆောင်ရွက်ပြီး အရေးပေါ်ချိတ်ဆက်ဆောင်ရွက်မှုများ အသိပညာ ပေးခြင်းများပြုလုပ်ကြသည်။


လုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများပြုလုပ်ရာတွင် ပဲခူးမြို့မစခန်းမှူး ဒုရဲမှူးနိုင်စိုး ဦးစီးပြီး နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးသူနှင့်ရဲ တပ်ဖွဲ့ဝင်များသည် ရွှေမော်ဓောဘုရားလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)၊ သနပ်ပင်လမ်းမတန်း ရွှေမော်ဓောဘုရား တောင်ဘက်မုခ်အနီးရှိ ဧရာဝတီဘဏ်(၂)၊ စျေးပိုင်းရပ်ကွက်(၁၈)လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၅)နှင့် ရန်ကုန်-မန္တလေးကားလမ်း ပဲခူးမြို့မစျေးကြီးအနီးရှိ ကမ္ဘောဇဘဏ်ခွဲ(၄)များသို့ သွားရောက်ပြီး ရဲတပ်ဖွဲ့များအား လုံခြုံရေးချထားဆောင်ရွက်ခြင်း၊ မသင်္ကာ ဖြစ်ဖွယ်ရှိသူတို့၏ ဆိုင်ကယ်ဘောက်စ်နှင့် လူ၏ခန္ဓာကိုယ်တို့အား ရှောင်တခင်ရှာဖွေစစ်ဆေးခြင်း၊ ဘဏ်များရှိ မန်နေဂျာများ၊ လုံခြုံရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုံခြုံရေးဆောင်ရွက်သည့်အခါ လုပ်ဆောင်ရမည့်အချက် များကို အသိပညာပေးခြင်း၊ အရေးပေါ်ကိစ္စများဖြစ်ပေါ်သည့်အခါ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် များနှင့် ချိတ်ဆက်မည့်နည်းလမ်းများကို ညှိနှိုင်းအကြံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                   


မိုးခါး






အခြားဆက်စပ်သတင်းများ