နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန် ဧပြီ ၅ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်တွင် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၇၂၂ စီး၊ သွင်းကုန် ၁၇၇၄ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၀၉ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။ အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ဆောင် ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု ခန့်မှန်းတန်ဖိုးကျပ် ၂၅၈ သန်းတန်ဖိုးရှိ Toyota Kluger အမျိုးအစား တရားမဝင်လိုင်စင်မဲ့ယာဉ်တစ်စီးအား တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ AMH






အခြားဆက်စပ်သတင်းများ