နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေဘိုမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာ၍စစ်ဆေးရာမှ လိုင်စင်မဲ့ယာဉ်တစ်စီး ဖမ်းဆီးရမိ

ရွှေဘို ဧပြီ ၅ ရွှေဘိုမြို့ အမှတ်(၁ဝ)ရပ်ကွက်ရှိ စက်မှုဇုန်လမ်းမပေါ်တွင် ဧပြီ ၄ ရက်၊ နံနက်ပိုင်း၌ လှည့်ကင်းဆောင် ရွက်နေစဉ် မသင်္ကာ၍ စစ်ဆေးရာမှ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်း ဒုရဲမှူးသိန်းဆန်းဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၄ ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့မရဲစခန်းမှနယ် ထိန်းခေါင်းဆောင်ရဲအုပ်ပြည့်ဖြိုးသူ ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် ရွှေဘိုမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ် (၁ဝ)ရပ်ကွက်၊ စက်မှုဇုန်လမ်းမပေါ်တွင် YGN 6M/----- နံပတ်ပါ Toyota Crown Royal Saloon အမျိုးအစား အဖြူရောင်ယာဉ်ကို တင့်လွင်ထွန်းက မောင်းနှင်ပြီး သက်ပိုင်စိုးနှင့် ကျော်ဇင်သန့်တို့ လိုက်ပါလျက်စစ်ဆေးတွေ့ရှိရသဖြင့်ယာဉ်နှင့်ပတ်သက်သော လိုင်စင်အထောက်အထား များ ရှိ၊ မရှိ စစ်ဆေးရာလိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်း ခဲ့သည်။ သို့ဖြစ်ပါ၍ YGN 6M/----- နံပါတ်ပါ Toyota Crown Royal Saloon အမျိုးအစားအဖြူရောင် ယာဉ်နှင့်ပတ်သက်ပြီး ယာဉ်မှတ်ပုံတင်အထောက်အထားတစ်စုံတစ်ရာမပြနိုင်သည့် လိုင်စင်မဲ့ယာဉ်အား တရားမဝင်မောင်းနှင်သူ ရွှေဘိုမြို့နယ် မင်းကျောင်းရွာနေ တင့်လွင်ထွန်း (၂၅ နှစ်)အား ရွှေဘိုမြို့မရဲစခန်းမှ (ပ)၂၁၈/ ၂ဝ၂ဝ၊ ပို့/သွင်း (၈)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ