ရန်ကုန် ဇွန် ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ကြေညာချက်အမှတ် (၃/၂၀၂၀)
၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၄ ရက်)
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၂၀)
ကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၇ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၂၀) ကို ရန်ကုန်မြို့၌ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ (၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၈ ရက်) ကြာသပတေး၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်သည်။
(ပုံ) တင်မောင်ထွန်း (ဥက္ကဋ္ဌ)