နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၉

၂၀၂၃ ခုနှစ်၊  ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ပထမထပ်ရှိ အစည်း အဝေးခန်းမ ၃၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကျင်းပ ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ(၁)၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး က အဖွင့်အမှာစကား ပြောကြား ရာတွင် “ယခုကျင်းပမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ နှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲသည် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျင်းပ ခြင်း ဖြစ်သည့်အပြင် ယခင်က ကျင်းပခဲ့သည့် ပြပွဲ၊ပြိုင်ပွဲများ ထက် အနှစ်သာရပြည့်ဝစွာ ကျင်းပသွားမည်ဖြစ်သဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက် မှ ၈ ရက်အထိ ခုနစ်ရက် တိုင်တိုင်ကျင်းပရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ ပြပွဲ၊ပြိုင်ပွဲ သို့ လာရောက်ပြသ ယှဉ်ပြိုင် ကြမည့် ပန်းဝါသနာရှင်များ နှင့်လုပ်ငန်းရှင်များအနေဖြင့် ပြပွဲ၊ပြိုင်ပွဲကြီးကို စည်စည် ကားကား၊ အောင်အောင် မြင်မြင် ကျင်းပနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ (၂ )၊ တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ ဦးမျိုးမြင့်အောင် က “ယခုနှစ်ကျင်းပသည့်ပွဲတွင် ဟင်းသီးဟင်းရွက်နှင့်သစ်သီး ဝလံများပါ ယှဉ်ပြိုင်ကြမည် ဖြစ်သဖြင့် ပြိုင်ပွဲပေါင်း ၂၄ မျိုးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပန်းအလှပြင်ခြင်း အပြင် သစ်သီးအလှပြင်ခြင်း များပါ ထည့်သွင်းထားသဖြင့် အများပြည်သူကို ပိုမိုစိတ်ဝင် စားစေပြီး ထိထိရောက်ရောက် ပညာပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရန် လုပ်ငန်း ကော်မတီအသီးသီးက ဆွေးနွေး ပေးကြရန်ဖြစ်ကြောင်း” ပြော ကြားသည်။

ထို့နောက် ပြပွဲ၊ပြိုင်ပွဲကျင်းပ ရေး ဦးစီးကော်မတီအတွင်း ရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ မြန်မာနိုင်ငံပန်း ဝါသနာရှင် အသင်း ဥက္ကဋ္ဌ (ကိုယ်စား)ဗဟို အလုပ်အမှုဆောင် ဦးမြတ်စိုး(လှိုင်)၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူး၊ တွဲဖက်အတွင်းရေး မှူး (၁) စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပြပွဲ၊ ပြိုင်ပွဲ ကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက် လာကြသောပြပွဲ၊ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်း ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်း ကော်မတီ၊ အကဲဖြတ်နှင့်ဆုချီးမြှင့်ရေး လုပ်ငန်း ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးလုပ် ငန်းကော်မတီနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီတာဝန်ရှိသူများက သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြမှုများနှင့်ပတ်သက်၍ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ (၁)၊ တိုင်း ဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းသည်။

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စ၍ ဟင်းသီးဟင်းရွက်၊သစ်သီး ဝလံနှင့် ပန်းမန်စိုက်ပျိုးခြင်း လုပ်ငန်းများကို အများပြည် သူ စိတ်ပါဝင်စားလာစေရန်၊ ဟင်းသီးဟင်းရွက်၊သစ်သီး ဝလံနှင့် ပန်းမန်စိုက်ပျိုးရေး အဆင့်မြင့်နည်းပညာများ အများပြည်သူလေ့လာနိုင်စေ ရန်၊  ဟင်းသီးဟင်းရွက်၊သစ်သီး ဝလံနှင့်ပန်းမန်မျိုးကောင်းမျိုး သန့်များ ပြန့်ပွားဖြန့်ဝေပေးနိုင် စေရန်၊ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များ စိုက်ပျိုးထုတ်လုပ်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးမှု အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ခုနှစ် ထိ ကျင်းပနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် အတွက် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပမှုရပ်ဆိုင်း ခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျ သွားပြီ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၅  နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်၊ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က စီမံ ကြီးကြပ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၈ရက် အထိ ရန်ကုန်မြို့၊ ကန်တော်ကြီး သဘာဝဥယျာဉ်၊ မဟာမြိုင် ကျွန်း၊ ဆင်ဖြူတော်ရုပ်တုများ အနီးတွင် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း၊ပြပွဲ၊ ပြိုင်ပွဲကျင်းပရာတွင် ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံနှင့် ပန်းမန်များ ပိုမိုစုံလင်စွာပြိုင်ပွဲ ဝင်နိုင်ရေး၊ အများပြည်သူများ ပိုမိုပြည့်စုံစွာ ခင်းကျင်းပြသ နိုင်ရေး၊ ပညာပေးအစီအစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေးတို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ရာ ပြပွဲ၊ပြိုင် ပွဲများသို့ ပါဝင် ဆင်နွှဲရန် လျှောက်ထားနိုင်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက်မှစ၍ အများ ပြည်သူကို ထုတ်ပြန်ကြေညာ သွားမည်ဖြစ်သည်။  

သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ